တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Song Hye Kyo ၊ Hyun Bin ၊ Son Ye Jin ၊ Lee Min Ho ၊ Kim Ji Soo နဲ့ Song Joong Ki တို့ရဲ့ ငယ်ဘဝ ဓာတ်ပုံလေးတွေက ပရိသတ်တွေကို များစွာ အံ့သြတုန်လှုပ်သွားစေခဲ့ပါတယ်။ ဘာလို့ဆို သူတို့ရဲ့ မျက်နှာလေးတွေက အရမ်းချစ်ဖို့ကောင်းပြီး ငယ်ရုပ်လေးတွေ မပျောက်ကြလို့ ဖြစ်ပါတယ်။

ငယ်ရုပ်မပျောက်ဘဲ ချစ်ဖို့ကောင်းတဲ့ တောင်ကိုရီးယား အနုပညာရှင်တွေထဲက တချို့ရဲ့ ပုံရိပ်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်နော်။

Song Hye Kyo

Song Hye Kyo

တောင်ကိုရီးယား မင်းသမီး မမ Song Hye Kyo ဟာဆိုရင် ၂၀၀၀ ခုနှစ်က ဆောင်းဦးရွက်ကြွေ ချစ်သက်သေ “Autumn In My Heart” ဇာတ်လမ်းနဲ့ အောင်မြင်မှု ရလာတဲ့ သူဖြစ်ပါတယ် ။ Song Hye Kyo ရဲ့ အမေက single mother တစ်ယောက်ဖြစ်ပြီး သူမရဲ့ သမီးလေးကို ငယ်စဉ်ကတည်းက သေသေချာချာလေး စောင့်ရှောက်ထားတာကို ပုံလေးတွေက သက်သေပြနေပါတယ်။

Song Hye Kyo’s facial features are clear from a young age. 

နှစ်တွေကြာသွားပေမယ့်လည်း မမ Song Hye Kyo ရဲ့ အလှတရားတွေက ဘယ်တော့မှ မပြောင်းလဲသွားပါဘူးနော်။ မျက်လုံးကြီးကြီးလေး ၊ နှဖူးလှလှလေးနဲ့ တောက်ပတဲ့ မျက်ခုံး ပိုင်ရှင်လေး Song Hye Kyo ရဲ့ ငယ်ဘဝ ဓာတ်ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်။

Hyun Bin

Hyun Bin

တောင်ကိုရီးယား မင်းသား Hyun Bin ဟာဆိုရင်လည်း အရမ်းကို သီးသီးသန့်သန့်နေတတ်ပြီး private ဆန်တဲ့ သူဖြစ်ပါတယ်။ Hyun Bin ရဲ့ ဓာတ်ပုံဟောင်းတွေဟာဆိုရင်လည်း အရမ်းကို ရှားပါး ပါတယ်။ တော်တော်များများ မမြင်ဖူးကြတဲ့ ပါးဖောင်းဖောင်းလေးနဲ့ Hyun Bin ရဲ့ ငယ်ဘဝ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Hyun Bin’s rare childhood photo
Hyun Bin’s rare childhood photo

Son Ye Jin

Son Ye Jin’s viral childhood photo. 
Son Ye Jin (left) as a child. 

တောင်ကိုရီးယားမင်းသမီး Son Ye Jin  ဟာဆိုရင်လည်း ငယ်စဉ်အခါက အရမ်းကို ချစ်ဖို့ကောင်းတဲ့ ကလေးမလေး ဖြစ်ပါတယ်။ ကလေး ဘဝတည်းက ချစ်ဖို့ကောင်းလွန်းတဲ့ Son Ye Jin   ကို တချို့ ပရိသတ်တွေက မွေးကတည်းက တောက်ပလာဖို့ ပါရမီပါတဲ့ သူလေးလို့ တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

Son Ye Jin 

Lee Min Ho

Lee Min Ho, Hallyu star who recently starred in “Pachinko” vs his wild childhood self. 

Lee Min Ho ဟာဆိုရင်လည်း ကလေး ဘဝက တော်တော် ချစ်ဖို့ကောင်းတဲ့ မင်းသားဖြစ်ပါတယ်။ ဆံပင်မွေးလေးတွေ ထောင်ပြီး မျက်နှာ ဖောင်းဖောင်းမျက်နှာလေးက တော်တော် အသည်းယားဖို့ ကောင်းလှပါတယ်နော်။ ငယ်ရုပ်လေး မပျောက်ဘဲ ချစ်ဖို့ကောင်းနေတဲ့ Lee Min Ho ရဲ့ ရှားရှား ပါးပါး ဓာတ်ပုံလေးကိုလည်း အားလုံး အတွက် ဖော်ပြပေးလိုက်ပါတယ်။

Kim Ji Soo

BLACKPINK Jisoo, who managed to deliver an excellent portrayal in her debut work “Snowdrop”

BLACKPINK အဖွဲ့ဝင် Kim Ji Soo လေးကလည်း ကလေးဘဝတုန်းက အရမ်းကို ချစ်ဖို့ကောင်းတဲ့ သူလေး ဖြစ်ပါတယ်။ မျက်လုံးလေးကလည်း လုံးဝကို လူကြီးမျက်လုံးလေးနဲ့ တစ်ထေရာတည်းလေးပါပဲနော်။ အသားဖြူဖြူ နုနု Kim Ji Soo လေးရဲ့ ငယ်ဘဝ ဓာတ်ပုံလေးကို ကြည့်လိုက်ကြပါဦး။

Song Joong Ki

Song Joong Ki, who will return in the upcoming K-drama “The Youngest Son of The Chaebol Family”

ရှေ့သွားလေး နှစ်ချောင်း ကြီးကြီးလေးနဲ့ Song Joong Ki လေးကလည်း တော်တော်ချစ်ဖို့ကောင်းတဲ့ ကောင်လေး ဖြစ်ပါတယ်။ Song Joong Ki ကလည်း ငယ်ဘဝက မျက်နှာနဲ့ လူကြီးမျက်နှာ တစ်ထေရာတည်းပါပဲနော်။ ချစ်ဖို့ကောင်းလိုက်တာ …

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။