လိင်ပိုင်းဆိုင်ရာ ဘာသာရေးခေါင်းဆောင် Warren Jeffs ရဲ့ မှောင်မိုက်ပြီး ယုတ်ညံ့တဲ့ ဘဝအား Netflix မှတ်တမ်းရုပ်ရှင်အသစ်တွင် ထုတ်ဖော်ပြသမှာဖြစ်ပါတယ်။ ယေရှုခရစ်ရဲ့ နောက်ဆုံးနေ့သူတော်စင်များ (FLDS) ရဲ့ အခြေခံဝါဒီအသင်းတော်လို့ ကိုယ်တိုင်ကြွေးကြော်ထားတဲ့ ပရောဖက် ဘုန်းတော်ကြီး တစ်‌ယောက်ဟာ ၁၉၉၀ ပြည့်လွန်နှစ်များတွင် လယ်တောတစ်ခုတွင် ကလေး ၅၀၀ ကို ထားရှိကာ အသက် ၁၂ နှစ်သာရှိသေးတဲ့ ကောင်မလေးနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ FLDS ဟာ ပင်မခေတ်ရေစီးကြောင်းဖြစ်တဲ့ Mormonism ရဲ့အစွန်းရောက်ဖြစ်ပြီး Jeffs ဟာ ကမ္ဘာပေါ်တွင် ဘုရားသခင်ရဲ့ ပြောရေးဆိုခွင့်ရှိသူဟု ယူဆခံရပြီး နောက်လိုက် 10,000 ကျော်ရှိပါတယ်။

အဖေဖြစ်သူ မသေဆုံးမီ ၁၅ ကြာ အုပ်ချုပ်ခဲ့တဲ့ ဒီဘာသာရေးကို သားဖြစ်သူ Jeffs ဟာ နေရာဆက်လက်ယူခဲ့ပြီး လက်ရှိတွင် ဘုရားကျောင်းမှာ “ဝိညာဉ်ရေးထိမ်းမြားလက်ထပ်ခြင်း” အတွက် အရွယ်မရောက်သေးသူကို ခေါ်ဆောင်ခဲ့တာကြောင့် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံနေရပါတယ်။ သူရဲ့ အုပ်ချုပ်မှုအောက်တွင် သူ့ရဲ့နောက်လိုက်များအား ရိုင်းစိုင်းတဲ့လက်ဖြင့် အုပ်ချုပ်ခံခဲ့ရပါတယ်။ သမီးတွေကို Jeffs ကို ပေးခဲ့တဲ့ ဖခင်တွေက သူတို့ကိုယ်တိုင် သတို့သမီးလေးတွေနဲ့အတူ ဆုချခံရတတ်ပါတယ်။ Jeffs နှင့် လိင်ဆက်ဆံရန် ဝန်လေးကြောင်း ပြောဆိုတဲ့ မိန်းကလေးများကို တော့ သူဟာ နှင်ထုတ်ခဲ့ပါတယ်။

Jeffs ကိုယ်တိုင်က အသက် 12 နှစ်အောက်အပါအဝင် ဇနီးမယားငယ်များနှင့် လက်ထပ်တဲ့ အလေ့အထကို ပြုလုပ်ပြီး သူနှင့် သူ့ရဲ့ နောက်လိုက်များ ပိုင်ဆိုင်တဲ့ ကလေးများကို သူ့ရဲ့ တင်းကျပ်တဲ့ ဥပဒေများအောက်တွင် ပြုစုပျိုးထောင်ပေးတဲ့ ခြံဝင်းတစ်ခုသို့ ပို့ဆောင်ပေးပါတယ်။ သူ့မှာ ဇနီးမယား ၇၈ ယောက်ရှိပြီး အဲဒီထဲက ၅၄ ယောက်ကသာ အသက် ၁၇ နှစ်ကျော်တယ်လို့ မီဒီယာအများအပြားရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သို့သော် သူ့ရဲ့ရာဇဝတ်မှုအသေးစိတ်အချက်အလက်များ ထွက်ပေါ်လာတဲ့အခါတွင် FBI ရဲ့ အလိုအရှိဆုံးစာရင်းထဲကမို့ 2006 ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး တစ်နှစ်အကြာတွင် သူရဲ့ခြံကို မုန်တိုင်းတိုက်ခဲ့ကာ ကလေး 500 နီးပါး ခြံဝင်းအတွင်းမှ ဖယ်ရှားခံခဲ့ရပါတယ်။ Wendell Jeffson ဟာ Texas ရှိ Jeff ရဲ့ အခြေခံဝါဒီခရစ်ယာန်ခြံတွင် သူရဲ့ညီအစ်ကိုမောင်နှမ 50 နီးပါးနှင့်အတူကြီးပြင်းခဲ့ပြီး သူရဲ့ကြီးကျယ်ခမ်းနားပြီး "ခြယ်လှယ်တတ်တဲ့" ဖခင်ကို ဆန့်ကျင်ပြောဆိုခဲ့ဖူးပါတယ်။

အလုပ်သို့မပို့မီ နံနက်စာချက်ပြုတ်ရန်နှင့် သန့်ရှင်းစေရန် ကူညီရန်အတွက် FLDS ကလေးများဟာ နံနက် ၅ နာရီဝန်းကျင်တွင် မကြာခဏနိုးထလေ့ရှိကြောင်း Jeffson မှပြောကြားခဲ့ပါတယ်။ Short Creek ဧရိယာတွင် ထောင်ပေါင်းများစွာသော FLDS အဖွဲ့ဝင်များ ရှိပါသေးတယ်။ အမျိုးသမီးများဟာ 19 ရာစုမှ ဆံပင်ပုံစံ ဝတ်စုံများဖြင့် ဝတ်ဆင်ကြပြီး ချာ့ခ်ျရဲ့ အမျိုးသားအဖွဲ့ဝင်များကို အနည်းဆုံး မယား 3 ယောက်ယူရန် တိုက်တွန်းထားပါတယ်။ FLDS တွင် မုဒိမ်းမှုနှင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများ ပေါများလာကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။ June လ ၈ရက်နေ့မှာ ဒီအကြောင်းတွေကို မှတ်တမ်းရုပ်ရှင်အဖြစ် Netflix မှာပြသသွားမှာဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Daily Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။