တောင်ကိုရီးယား နာမည်ကျော် အဆိုတော် သရုပ်ဆောင် Rain နဲ့ တောင်ကိုရီးယား မင်းသမီး Kim Tae Hee တို့ စုံတွဲလေးဟာ မသိတဲ့လူ မရှိလောက်အောင်ကို နာမည်ကြီးတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ သူတို့ စုံတွဲလေးက ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာ ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာကို အားလုံးပဲ သိကြမှာပါနော်။ လူတိုင်း အားကျရတဲ့ Rain တို့ မိသားစုလေးက မကြာသေးမီက အိမ်ပြာတော်မှာ လျှောက်လည်နေခဲ့ကြတာဖြစ်ပါတယ်။

Google
Google
Instagram

အဆိုတော် Rain တစ်ယောက် အိမ်ပြာတော်မှာ လျှောက်လည်နေတဲ့ ပုံရိပ်လေးကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ မေလ ၃၁ ရက်နေ့က “What should I do? I’m curious” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တင်ပေးလာတာဖြစ်ပါတယ်။ Rain အင်စတာဂရမ်စာမျက်နှာပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံထဲမှာ ဆိုရင် အနောက်ဘက်မှာ အိမ်ပြာတော်ကြီးရဲ့ အလှကို ထင်ရှားစွာ တွေ့ရပါတယ်။

Instagram

ပေါ့ပေါ့ပါးပါး တီရှပ် အဖြူ အင်္ကျီ ၊ ဂျင်းဘောင်းဘီ ပွပွကို ဝတ်ထားတဲ့ Rain ဟာ အိမ်ပြာတော် ထဲက ခမ်းနားကြီးကျယ်လှတဲ့ ဓာတ်ပုံတွေကိုလည်း ဝေမျှပေးထားပါတယ်။

Instagram
Instagram
Instagram

တောင်ကိုရီးယားနိုင်ငံရဲ့ အိမ်ပြာတော်ကြီးကို ပြည်သူတွေ လာရောက်လည်ပတ်နိုင်ဖို့ ၂၀၂၂ခုနှစ် ၊ မေလ ၁၀ ရက်နေ့ကစပြီး public visit အနေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အိမ်ပြာတော်ကြီးကို မိသားစုဝင်တွေ ၊ ချစ်သူစုံတွဲတွေ ၊ သူငယ်ချင်းတွေ ၊ မိတ်ဆွေ အပေါင်း အသင်း တွေ အားလုံး လာရောက်လည်ပတ်ခဲ့နေကြတာ Rain တို့ မိသားစုလေးလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

Google

တောင်ကိုရီးယား သရုပ်ဆောင် အဆိုတော် Rain နဲ့ မင်းသမီး Tim Tae Hee တို့ဟာ ၂၀၁၇ ခုနှစ်က လက်ထပ်ခဲ့ကြပြီး သမီးလေး နှစ်ယောက် မွေးဖွားခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။