တောင်ကိုရီးယားမင်းသမီး Park Shin Hye ဟာဆိုရင် The Heirs ၊Pinocchio ၊ You Are beautiful  စတဲ့ နာမည်ကြီးတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးယူထားတဲ့ သူလေးဖြစ်ပါတယ်။ မမ Park Shin Hye ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း မသိတဲ့သူ မရှိလောက်အောင်ကို လူကြည့်များ အောင်မြင်တဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ 

Google

ဇာတ်လမ်းအရွေးတော်သလို သရုပ်ဆောင်လည်း ကောင်းလွန်းလှတဲ့မမ Park Shin Hye ဟာ သူမချစ်ရသူ တောင်ကိုရီးယားမင်းသားChoi Tae Joon နဲ့ ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလကမှ လက်ထပ်ထားတာဖြစ်ပါတယ်။ 

Google
Google

တောင်ကိုရီယားမင်းသမီး Park Shin Hye ဟာ ကလေး အရမ်း ချစ်််တတ်တဲ့ သူဖြစ်ပြီး ကလေးလေးတွေ တွေ့ရင်ကို ဟန်မဆောင်နိုင်တဲ့ သူလေး ဖြစ်ပါတယ်။ မမ Park Shin Hye ကလေးတွေကို ဘယ်လောက်ချစ်တတ်လဲဆိုတာသူမရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေက အထင်အရှား သက်သေပြနေပါတယ်။ 

Google
Google
Google

ကလေး မြင်တာနဲ့ ကို အရမ်းချစ်တတ်လွန်းတဲ့ မမ Park Shin Hye ဟာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကမှ သားဦးလေးကို အောင်မြင်စွာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ 

Google

မမ Park Shin Hye တစ်ယောက် သူမ ရဲ့ သားဦးလေးကိုလည်း ငုံထားမတတ်ချစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။ Park Shin Hye နဲ့ Choi Tae Joon တို့က အခုအချိန်ထိ သူတို့ရဲ့ သားဦးလေးကို ပရိသတ်တွေဆီ ထုတ်ဖော်ပြသထားခြင်း မရှိသေးပါဘူး။ လင်မယားတွေ ကလေးလေးကို ချစ်မဝဖြစ်နေလွန်းလို့ ပရိသတ်တွေကို အသိပေးဖို့တောင် စိတ်ထဲ အာရုံမရကြဘူးထင်ပါ တယ်နော် ။ 

Google
Google

ကလေးချစ်တတ်တဲ့ မမ Park Shin Hye ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ဝေမျှပေးရင်း သူမရဲ့ သားဦးလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

Google
Google
Google

Source - Myanmarload 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။