တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် Lee Hyo-ri ဟာဆိုရင် လက်ထပ်ထားတာ ၁၀ နှစ်ကျော် ရှိသွားပေမယ့်အခု အချိန်ထိ ကလေး မရသေးတဲ့ သူဖြစ်ပါတယ်။ ဒီအကြောင်းအရာကို Lee Hyo-ri က MBC every 1 ရဲ့ “The Oppa of Tteokbokki House” အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ 

Google

Lee Hyo-ri ဟာဆိုရင် အသက် ၄၄ နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် သူမအနေနဲ့ ကလေးရဖို့ဆိုတာ မလွယ်ကူတော့ဘူးလို့ သိရပါတယ်။ ဖန်ပြွန်သန္ဓေသားနည်းလမ်းကို အသုံးပြုရင် ကလေးရဖို့ ဖြစ်နိုင်ချေရှိတယ်ဆိုပေမယ့်Lee Hyo-ri က သူမကလေးကို သဘာဝနည်းလမ်း အတိုင်းသာ မွေးချင်ကြောင်း ဆိုထားပါတယ်။ 

Google

Lee Hyo-ri ဟာဆိုရင် သူမရဲ့သားလေးကို လက်ဆောင်လေး အဖြစ်ရောက်ရှိလာဖို့ မျှော်လင့်နေတယ်လို့လည်း ဆိုထားပါသေးတယ်။ သူမရဲ့ အသိမိတ်ဆွေတွေထဲမှာ အသက် ၅၈ နှစ်အရွယ်မှ ကလေးရတဲ့ သူရှိတာကြောင့်ကလေးနဲ့ပတ်သတ်ပြီး စောင့်ဖို့အတွက် သတ္တိရှိတယ်လို့ Lee Hyo-ri က ဆိုပါတယ်။ 

Google

Lee Hyo-ri ဟာဆိုရင်  အနုပညာနယ်ပယ်ကိုရောက်ရှိနေခဲ့တာ ၂၅ နှစ် ရှိသွားပြီပဲ ဖြစ်ပါတယ်။ သူမဟာနာမည်ကြီးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရတာကြောင့် ကိုယ့်ရဲ့ရင်သွေးလေးကိုလည်း ဂရုစိုက်ပြီး နေချင်သေးကြောင်း ဆိုပါတယ်။ သူများတွေပြောနေကြတဲ့ ကလေး ရှိမှအိမ်ထောင်ရေး မြဲမယ်ဆိုတဲ့ စကားကိုလည်း Lee Hyo-ri တစ်ယောက် လက်မခံဘူးလို့ ဆိုပါတယ်။ 

Google

အိမ်ထောင်ရေးခိုင်မြဲဖို့အတွကိ ရင်သွေးလေးလိုချင်တာ မဟုတ်တာကြောင့် ရင်သွေးလေး မရလည်း လည်းအိမ်ထောင်ရေးအတွက် စိတ်မပူကြောင်း Lee Hyo-ri ကဆိုပါတယ်။ 

Google

တောင်ကိုရီးယား သရုပ်ဆောင် အဆိုတော်Lee Hyo-ri တစ်ယောက် သူမလိုချင်တဲ့ ကလေးလေးကို သဘာဝနည်းလမ်းလေးအတိုင်း ရရှိပိုင်ဆိုင်နိုင်စေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။