ကောင်းဆက်နိုင်ဆိုတဲ့ MRTV4 မင်းသားချောကို အားလုံးပဲ သိလိမ့်မယ်ထင်ပါတယ်။

အရင်က ဇာတ်လမ်းတွဲတော်တော်များများ မှာ အရံ ဇာတ်ပို့ အနေနဲ့အများကြီးပါဝင်သရုပ်ဆောင်ဖူး‌ ပေမယ့် သိပ်တော့လူမသိခဲ့ပါဘူး။

ဒါပေမယ့် လက်ရှိ ပြနေတဲ့ သရဖူ ရုပ်သံဇာတ်လမ်းတွဲမှာ

အရမ်းကိုအချစ်ကြီးတဲ့ အရိုးခံ နယ်သားကြီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်တာဟာ သိပ်ကိုပီပြင်လွန်းလို့ပရိတ်သတ်တွေရဲ့ အားပေးမှုကို အများကြီးရရှိလာပါတယ်။

ဒီကားထဲမှာ တစ်ဖက်သတ်ချစ်ရတဲ့ မိန်းကလေးအပေါ် မပြောဝံ့တဲ့ လူရိုးကြီး အမြဲပေးဆပ်ချစ်နဲ့အသင့်ဖြစ်နေတဲ့ အချစ်ကြီးသူကြီး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

သူငယ်ငယ်တည်းက အမြတ်တနိုးထားပြီး ချစ်ခဲ့ရတဲ့ အေးဆိုတဲ့ မိန်းကလေးကို ဖွင့်ပြောဖို့ကြံတုန်း မြို့သားနဲ့အကြောင်းပါသွားလို့ နားလည်လက်ခံပေးခဲ့သလို မြို့သားဖြစ်သူ စိုးအောင်(ကျော်ဆု)ရဲ့ အထင်လွဲပစ်ပယ်မှုကို ခံရပြီးရွာပြန်လာတဲ့ အေးနဲ့ ကလေး ကိုလည်း ဆက်ပြီး ပေးဆပ်ချစ်နေသူကြီးပါ။

သူ့အချစ်ဦးဖြစ်တဲ့အေး ကိုပြန်ပြီးပိုင်ဆိုင်ရတော့မယ်လို့ တွေးကာမှ မြို့သားယောက်ျားကအေးတို့ကို ပြန်လာခေါ် ပြီး သူတို့ပြန်ပေါင်းထုတ်ဖို့ အတွက် ကိုကျော်ဇံကြီးကို အကူညီတောင်းခဲ့ပါသေးတယ်။

အော် ချစ်ရတဲ့သူကို ဒုတိယအကြိမ်လက်လွှတ်ရမယ့် ကိုကျော်ဇံကြီးဘဝဘယ်လောက်ကြေကွဲဖို့ကောင်းသလဲနော်

ဇာတ်သိမ်းခံနီးလေ သူ့ကို အသနားဆုံးပါပဲ


အခုလည်းသူ့ရဲ့Facebook စာမျက်နှာမှာ ကျော်ဆုနဲ့ ပုံလေးတွဲတင်ရင်း " ကျွန်တော်လဲခံစားနေရတာပါ?

ကိုစိုးအောင် လို့ ရေးသားထားခဲ့ပါသေးတယ်။

ဒီစကားလေးက ရုပ်ရှင်ထဲကဇာတ်ရုပ်ကို ရည်ညွှန်းရေးပေမယ့်လည်း ပရိတ်သတ်တွေအတွက်တော့ကိုကျော်ဇံကြီးအတွက် စိတ်မကောင်းစရာ စာသားလေးပါပဲ။

Source from Kaung Sat Naing

Photos credit from Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။