တောင်ကိုရီးယား မင်းသမီး Park Han Byul ဟာဆိုရင် ဒုတိယ ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ အကြောင်းကို သူမရဲ့ အေဂျင်စီက အတည်ပြုပေးလိုက်ပါပြီ။ ဒီသတင်းကို Park Han Byul ရဲ့ အေဂျင်စီက ယမန်နေ့ မေလ ၃၁ ရက်နေ့က အတည်ပြု ပြောကြားပေးခဲ့တာဖြစ်ပါတယ်။ အေဂျင်စီအနေနဲ့ Park Han Byul ဒုတိယ ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ အကြောင်းကိုသာ ပြောနိုင်ပြီး မင်းသမီးရဲ့ ပုဂ္ဂိုလ်ရေး ဖြစ်တာကြောင့် အသေးစိတ်ကို မပြောနိုင်ကြောင်း ပြောထားပါတယ်။  

Google

တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီး Park Han Byul ဟာဆိုရင် ၂၀၁၇ ခုနှစ်က သူမရဲ့ ခင်ပွန်းဖြစ်သူ Yoo In Suk နဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ပထမဦးဆုံး ရင်သွေးလေးကို ပြီးခဲ့တဲ့ ဧပြီလ တုန်းက မွေးဖွားခဲ့တာဖြစ်ပါတယ်။ 

Google

တောင်ကိုရီးယားမင်းသမီး Park Han Byul ဟာဆိုရင် ၂၀၁၉ ခုနှစ်က “Love in Sadness,”  ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ရင်း အနုပညာ လှုပ်ရှားမှုတွေကနေ လုံးဝကို ပျောက်ကွယ်သွားခဲ့တဲ့ သူဖြစ်ပါတယ်။ ပျောက်ကွယ်သွားခဲ့ရတဲ့ အကြောင်းအရင်းကတော့ သူမရဲ့ ခင်ပွန်း ဖြစ်သူ Yoo In Suk  က Bunning Sun အမှုတွဲမှာ ပါဝင်နေခဲ့လို့ပဲဖြစ်ပါတယ်။

Google


တောင်ကိုရီးယား မင်းသမီး Park Han Byul က သူမကိုယ်တိုင် အမှု ထဲမှာ ပါဝင်ခဲ့တာ မဟုတ်ပေမယ့်လည်း ပရိသတ်တွေကို အားနာတာကြောင့် အနုပညာ လှုပ်ရှားမှု အားလုံးကနေ ရပ်နားပြီး ဂျယ်ဂျူးကျွန်းမှာ ရိုးရှင်း အေးချမ်းစွာ နေထိုင်နေတာ ဖြစ်ပါတယ်။ Park Han Byul က ဂျယ်ဂျူ ကျွန်းမှာ ကော်ဖီဆိုင်လေး တစ်ဆိုင်လည်း ဖွင့်ထားပါသေးတယ်။ အခုအချိန်မှာတော့ Park Han Byul က ဒုတိယ ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားတာ ၄ လရှိနေပြီပဲဖြစ်ပါတယ်။

Google



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။