တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီး Park Shin-hye ဟာဆိုရင် ဒီကနေ့ မေလ၃၁ ရက်နေ့မှာ သူမရဲ့ ပထမဦးဆုံး ရင်သွေးဦးလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီပဲ ဖြစ်ပါတယ်။  မမ Park Shin-hye ရဲ့ ရင်သွေးဦးလေးကတော့သားယောကျာ်းလေး ဖြစ်တယ်လို့ သိရပါတယ်။ 

Google

Park Shin Hye ရင်သွေးဦးလေး မွေးဖွားခဲ့တဲ့ အကြောင်းကို သူမရဲ့ အေဂျင်စီဖြစ်တဲ့ Salt Entertainment က ဒီကနေ့မှာ အတည်ပြု ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။ 

သတင်းတွေအရ Park Shin Hye က သူမရဲ့ သားဦးလေးကို ဆိုးလ် မြို့က ဆေးရုံတစ်ခုမှာပဲ ကျန်းကျန်းမာမာနဲ့မွေးဖွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google

မိခင်ရော ကလေးရော ကျန်းမာလျက်ရှိပြီး အဆင်ပြေပြေရှိကြတယ်လို့လည်း Salt Entertainment  က ကြေညာထားပါတယ်။ 

Google

တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Park Shin-hye  နဲ့  Choi Tae-joon  တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နိုဝင်ဘာလမှာ မင်္ဂလာပွဲသတင်းကို ကြေညာခဲ့ ကြတာဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ 

Google

မမ Park Shin-hye  က သူမရဲ့ မင်္ဂလာပွဲသတင်းနဲ့အတူ ရင်သွေးလေးရှိနေကြောင်းကိုပါ ကြေညာခဲ့သူ ဖြစ်ပါတယ်။ သားဦးလေးကို ကျန်းကျန်းမာမာနဲ့ မွေးနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်နော် မမ Park Shin-hye   ရေ ..❤️?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။