နာမည်ကျော် အနုပညာရှင် စုံတွဲလေး ဖြစ်တဲ့ သန္တာဗိုလ်နဲ့ ကောင်း ပြည့်တို့ စုံတွဲလေးဟာဆိုရင် မကြာခင်မှာလက်ထပ်ကြတော့မယ်လို့ အင်တာဗျူး တစ်ခုမှာ ဆို ထားပါတယ်။
သူတို့နှစ်ဦးက လက်ထပ်ဖို့အတွက် ဟိုးအရင်အချိန်ကတည်းက စီစဉ်ထားခဲ့ကြတာ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်မထပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ အခြေအနေတွေအားလုံး အဆင်ပြေ တည်ငြိမ်သွားပြီး တဲ့အချိန် ဒီနှစ်အတွင်း သို့မဟုတ် နောက်နှစ်မှာလက်ထပ်သွားဖို့ ရှိတယ်လို့ သန္တာဗိုလ်က ဆိုပါတယ်။
လက်ထပ်ပွဲမှာ ထူးထူးခြားခြား ပြင်ဆင်ထားတာမျိုး မရှိဘဲ ညစာစားပွဲလောက်လေးပဲလုပ်ကာ ပြောမနာ ဆိုမနာသူငယ်ချင်းတွေနဲ့ ဆင်နွှဲချင်တဲ့အကြောင်း သန္တာဗိုလ်က ဆိုပါတယ်။
သရုပ်ဆောင် သန္တာဗိုလ်နဲ့ ကောင်းပြည့်တို့ စုံတွဲလေးဟာ ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့ ကစတင်ပြီး ချစ်သူတွေဖြစ်လာခဲ့ ကြတာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ နှစ်ဦးရဲ့ ချစ်သူသက်တမ်းလေးက ၁၀ နှစ် တာ ခရီးလမ်းကိုရောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ချစ်သူသက်တမ်း ၁၀ နှစ်ကျော်ကြာ ခိုင်မြဲတဲ့ ချစ်ခြင်းတရားတွေနဲ့ သစ္စာရှိရှိ ချစ်နေကြတဲ့ သရုပ်ဆောင် သန္တာဗိုလ်နဲ့ ကောင်းပြည့်တို့ ရဲ့ မင်္ဂလာသတင်းလေး အကြောင်းကို ဝေမျှပေးလိုက်ပါတယ်နော်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။