U-KISS အဖွဲ့ဝင် Hoon နဲ့  Girl’s Day  အဖွဲ့ဝင်ဟောင်း Hwang Ji Seon တို့ရဲ့ ချစ်ကြည်နူးစရာ ပုံရိပ်လေးတွေ ဟာဆိုရင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ 

Happy Married Company

အိုင်ဒေါလ် နှစ်ယောက်ရဲ့ မင်္ဂလာပွဲ ပုံရိပ်လေးတွေကို Happy Married Company က မေလ ၃၀ ရက်နေ့မှာထုတ်ဖော်ပြသခဲ့ တာ ဖြစ်ပါတယ်။ Hoon နဲ့  Hwang Ji Seon တို့က သူတို့ရဲ့ မင်္ဂလာပွဲကို မေလ ၂၉ ရက်နေ့မှာအကျဉ်းချုံး ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

Happy Married Company

ဓာတ်ပုံလေးတွေထဲမှာ ပျော်ရွှင်နေကြတဲ့ Hoon နဲ့ Hwang Ji Seon တို့ မင်္ဂလာဦး မောင်နှံနှစ်ယောက်ကို ကြည်နူးဖွယ်လေး တွေ့မြင်ရပါတယ်။ 

Happy Married Company
Happy Married Company
Happy Married Company

မေလ ၆ ရက်နေ့ မှာ အေဂျင်စီဘက်က  U-Kiss အဖွဲ့ဝင် Hoon နဲ့   Girl’s Day  အဖွဲ့ဝင် Hwang Ji Seon တို့လက်ထပ်သွားပြီဖြစ်တဲ့ အကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာ ဇနီး မောင်နှံလေး နှစ်ယောက်ရဲ့ကြည်နူး ဖွယ်ပုံရိပ်လေးတွေကို  ဖော်ပြပေးလိုက်ပါတယ်။ 

Happy Married Company

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။