တောင်ကိုရီးယား သရုပ်ဆောင် Lee Yu Bi ဟာဆိုရင် နာမည်ကြီး ဝါရင့်မင်းသမီးကြီး Kyeon Mi Ri ရဲ့ သမီးလေး ဖြစ်ပါတယ်။ မိခင်ဖြစ်သူက ဝါရင့် မင်းသမီးကြီးတစ်ယောက်ဖြစ်တာကြောင့် သူမကို ကျောင်းမှာ အနိုင်ကျင့် နှိပ်စက်တဲ့ သူတွေ တစ်ပုံကြီးပဲလို့ Lee Yu Bi ကဆိုပါတယ်။ Lee Yu Bi ကတော့ သူမရဲ့ သူငယ်ချင်းတွေက သူမအမေရဲ့ အောင်မြင်မှုကို မနာလိုတာကြောင့် သူမကို အနိုင်ကျင့်နှိပ်စက်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Google

ဝါရင့်မင်းသမီးကြီး Kyeon Mi Ri ဟာဆိုရင် လူအများ မုန်းကြတဲ့ ဇာတ်ကောင်ပုံစံတွေမှာပါ ပါလေ့ရှိတာကြောင့် လူတွေက ဇာတ်လမ်းထဲက အမေ့ကို မုန်းရင်း သမီးကိုပါ မုန်းတီးနေခဲ့ကြတာဖြစ်နိုင်တယ်လို့ အင်တာနက် အသုံးပြုသူတွေက သုံးသပ်ထားကြပါတယ်။

Google

ကျောင်းတတ်တုန်းက Lee Yu Bi မှာ သူငယ်ချင်းကောင်းဆိုတာလည်း မရှိဘဲ သူငယ်ချင်းတွေ အားလုံးကလည်း သူမကို မုန်းကြတယ်လို့ ဆိုပါတယ်။ Lee Yu Bi ဟာ ကျောင်းသူဘဝတုန်းက တစ်ယောက်တည်း နေခဲ့ရတဲ့ အကြောင်းကို စိတ်မကောင်းစွာ ပြောလာရင်းသူမကို ဘယ်သူ့မှ မမုန်းစေချင်ဘူးလို့ ဆိုပါတယ်။ 

Google
Google

Lee Yu Bi က တောင်ကိုရီးယား သရုပ်ဆောင် Lee Da-in နဲ့ ညီအစ်မ တော်စပ်တဲ့ သူဖြစ်ပါတယ်။  Kyeon Mi Ri က Lee Da-in တို့ အဖေ Im Yeong-Gyu နဲ့ ၁၉၉၃ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး နောက်ထပ်အိမ်ထောင် ပြုခဲ့တာ ဖြစ်ပါတယ်။

Google

တောင်ကိုရီးယား သရုပ်ဆောင် Lee Yu Bi ဟာဆိုရင် “Scholar Who Walks the Night” ဇာတ်လမ်းတွဲမှာ အဓိက သရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခြား သူမ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေလည်း အများကြီးပဲဖြစ်ပါတယ်။

Source – Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။