Grammy ဆုရှင် အမေရိကန် ရက်ပ်ပါအဆိုတော် Cardi B ဟာဆိုရင် ယမန်နေ့က သူမ မျက်စိရှေ့မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကြီးကို ဗီဒီယိုရိုက်ပြီး ပရိသတ်တွေဆီ ဝေမျှပေးလာခဲ့ပါတယ်။ 

People.com

Cardi B ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကြီးကတော့ ရွက်လှေတစ်စီး တစ်စစနဲ့ ပင်လယ်ရေအောက်ထဲ နစ်မြုပ်သွားခဲ့တဲ့ မြင်ကွင်း ဖြစ်ပါတယ်။ ဗီဒီယိုထဲက နစ်မြုပ်နေတဲ့ ရွက်လှေဘေးမှာ လူတစ်ယောက် ကို လည်း တွေ့ရမှာ ဖြစ်ပါတယ်။ ရွက်လှေကြီး နစ်မြုပ်ပြီး မကြာခင်မှာပဲ ကယ်ဆယ်ရေးတွေ ရောက်လာခဲ့တယ်လို့ Cardi B  ရဲ့ အဆိုအရသိရပါတယ်။ 

Google

ရွက်လှေနစ်မြုပ်သွားတဲ့ ဗီဒီယိုကို Cardi B  က သူမရဲ့ တွစ်တာ စာမျက်နှာမှာ ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ရွက်လှေနစ်မြုပ်တာက အရမ်းမြန်ဆန်လွန်းလို့ အထဲမှာ လူသာရှိနေရင် မတွေးရဲ စရာကြီးပါနော်။ Cardi B  တစ်ယောက် စိုးရိမ်တကြီး ကြောက်အားလန့်အားနဲ့ အော်နေတာကိုလည်း ဗီဒီယိုထဲမှာ အတိုင်းသားတွေ့ရပါတယ်။ 

Twitter

အမျိုးသမီး ရက်ပ်ပါ အဆိုတော် Cardi B  ဟာဆိုရင် မိသားစုနဲ့ အားလပ်ရက် အပျော်ခရီးထွက်ရင်း အခုလိုထူးဆန်းတဲ့ မြင်ကွင်းနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။