တောင်ကိုရီးယား သရုပ်ဆောင် Park Hae Jin ဟာဆိုရင် အသက် ၄၀ အရွယ် ဖြစ်နေပေမယ့် အခုအချိန်ထိအိမ်ထောင်မပြုရသေးတဲ့ သူဖြစ်ပါတယ်။ 

Google

အိမ်ထောင် မပြုရသေးဘဲ လူပျိုကြီးဆိုပေမယ့်လည်း Google မှာ ရိုက်ရှာလိုက်ရင် Park Hae Jin  ရဲ့ မိန်းမ ဆိုပြီးပေါ်လာပါတယ်။ ဒါကလည်း လူပျိုကြီးရဲ့ ကံဇာတာတတ်မှုပဲထင်ပါတယ်။ 

Google

Park Hae Jin လက်မထပ်ရသေးတဲ့ အကြောင်းက တော့ သူ့ရဲ့ ထူးဆန်းတဲ့ အကျင့်ကြောင့်လို့ ပြောခဲ့ဖူးပါတယ်။Park Hae Jin ရဲ့ ထူးဆန်းတဲ့ အကျင့်က ဖိနပ်တွေ စုတာပဲ ဖြစ်ပါတယ်။  Park Hae Jin က ဖိနပ်တွေစုရတာဝါသနာပါပြီး သူ့ဆီမှာ ဖိနပ်အရံပေါင်း ၁၈၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

 နောက်ထပ်လည်း ဖိနပ်တွေ ထပ်ပြီးစုဆောင်းသွားမှာ ဖြစ်တယ်လို့ Park Hae Jin ကဆိုထားပါသေးတယ်။ဒါကြောင့် လက်ထပ်လိုက်ရင် သူ့ရဲ့ ဝါသနာကြောင့်အမျိုးသမီး အနေနဲ့လည်း များစွာ ထိခိုက်နစ်နာသွားနိုင်တာကြောင့်  Park Hae Jin တစ်ယောက် လက်မထပ်ဖြစ်သေးတာလို့ သိရပါတယ်။ 

Google

နောက်ထပ်တစ်ချက်ကတော့ Park Hae Jin ရဲ့ မိဘနှစ်ပါးကြောင့်ပဲ ဖြစ်ပါတယ်။ Park Hae Jin ရဲ့ မိဘနှစ်ပါးကPark Hae Jin ငယ် ငယ်လေးကတည်းက ကွာရှင်းထားကြတာဖြစ်ပါတယ်။ မိဘနှစ်ပါးရဲ့ ကွာရှင်းမှုကြောင်လည်းPark Hae Jin တစ်ယောက် အိမ်ထောင်မှု ပြုတယ်ဆိုတာကို လွယ်လွယ် မလုပ်ရဲတာလို့ ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။ 

Google

တောင်ကိုရီးယား မင်းသား Park Hae Jin ဟာဆိုရင် လက်ရှိမှာ From Now on, Showtime ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီးပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။