အိမ့်ချစ်ဆိုတဲ့ ခပ်သွက်သွက် အဆိုတော်မလေးကို အားလုံးပဲ သတိရကြဦးမယ်ထင်ပါတယ်။
ဘိုရုပ်လေးနဲ့ အသံလေးအရမ်းကောင်းတဲ့ သူမကို စပေါ်ကတည်းအခုထိတခဲနက်အားပေးကြတဲ့ပရိတ်သတ်တဲ့ သူတွေအများကြီးရှိသလို သူမကိုယ်တိုင်ကလည်း အနုပညာကိုရူးသွပ် သူတစ်ဦးပါ။
ဖခင်ဖြစ်သူ ဦးချစ်ကောင်းဆီက အနုပညာအမွေရထားတဲ့သူမဟာဆိုရင် ဖခင်ကြီးရဲ့ခြေရာကိုနင်းနိုင်ခဲ့တဲ့ သမီးလေးလို့ ဆိုရမှာပါပဲ။
အခုဆိုရင်သိပ်ချစ်ရတဲ့အမျိုးသားနဲ့ လက်ထပ်ထားခဲ့ပြီး သမီးလေးကိုကိုယ်ဝန်လွယ်ထားရတဲ့မေမေဖြစ်နေပါပြီနော်
သမီးလေးကို ဝမ်းနဲ့လွယ်ထားခဲ့တာ အခုဆိုရင် ၇လတောင်ပြည့်ပါပြီတဲ့နော်။
မိခင်ဆိုတဲ့အတိုင်းမွေးမလာတဲ့သမီးအပေါ်တောင် အကောင်းဆုံးဆိုတဲ့အရာတွေကို ပေးချင်ကြတာပါပဲ။
အခုလည်း သူ့ရဲ့သမီးဦးလေးလူ့လောကထဲရောက်လာရင် အမရာ လို့ မဟာဆန်ဆန်နာမည်လေးပေးမယ်လို့ သူမရဲ့ social media မှာတင်ထားခဲ့ပါတယ်။
ကဲ ဘယ်လောက်တောင်မဟာဆန်လိုက်တဲ့နာမည်လေးလည်းနော် ...
Source from Eint Chit Facebook
Photos credit from Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။