ထိုင်ဝမ် နာမည်ကြီး မင်းသမီး Lin Chiling ဟာဆိုရင် သူမ ဘဝမှာ များစွာသော မတော်တဆမှုတွေ ၊ နိုင့်ထက်စီးနင်း ခံရမှုတွေ ကြုံတွေ့ခဲ့ရတဲ့ သူဖြစ်ပါတယ်။ ဒီ ကိစ္စကို Lin Chiling  က သူမရဲ့ စာအုပ်ထဲမှာ ရေးထားခဲ့တာဖြစ်ပါတယ်။ 

Google

စာအုပ်လေးကို ရေးခဲ့ရတဲ့ ရည်ရွယ်ချက်က Lin Chiling  က သူမရဲ့ ၅ လသားအရွယ် သားလေးကို သူမ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အကြောင်း သိစေချင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 

Google

စာအုပ်ထဲမှာ Lin Chiling  က သူမ အသက် ၁၇ နှစ်အရွယ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီး အကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီမတော်တဆမှုကြီးက သူ မ ရိုက်ကူးရေးလုပ်နေတဲ့ အချိန်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး မြင်းပေါ်ကနေ ပြုတ်ကျခဲ့တာကြောင့် နံရိုး ၆ ချောင်း ကျိုးခဲ့တာ ဖြစ်ပါတယ်။ 

Google

မတော်တဆမှု ကြီး ဖြစ်ပြီးတဲ့နောက်မှာ Lin Chiling  တစ်ယောက် အကောင်းအတိုင်း ပြန်ဖြစ် လာစေဖို့ အတွက်ဆေးကုသမှုတွေ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ ခံခဲ့ရတာဖြစ်ပါတယ်။ 

Google

ရိုက်ကူးရေး လုပ်ရင်း ဖြစ်ခဲ့ပေမယ့် ကုမ္ပဏီဘက်က သူမအပေါ် ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မပြုလုပ်ပေးထားဘူးလို့ သိရပါတယ််။ ဒါကြောင့် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ ဆုံး ဖြတ်ခဲ့ပေမယ့် ရှေ့နေဘက်က အမှုက အချိန်ကြာရှည်နိုင်ပြီး အခန့်မသင့်ရင် တရားပါ ပြန် အစွဲခံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Lin Chiling  ကိုယ်တိုင်အားလုံးကို အဆုံးသတ်ခဲ့ရတယ်လို့ဆိုပါတယ်။ 

Google

Lin Chiling ဟာဆိုရင် ထိုင်ဝမ် နာမည်ကြီး သရုပ်ဆောင် ၊ မော်ဒယ် ၊ အစီအစဉ် တင်ဆက်သူ ဖြစ်ပြီး အသက် က၄၇ နှစ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ 

Google

သူမက မကြာသေးမီကမှ သားဦးလေးတစ်ယောက် မွေးထားပြီး သားဦးလေးက ၅လသားအရွယ်လေးပဲ ရှိပါသေးတယ်။ခက်ခဲ ကြမ်းတမ်းမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ Lin Chiling ရဲ့ အကြောင်းကို ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။