ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တောင်ကိုရီးယား မင်းသား ဝွန်ဘင်း ရဲ့ အနုပညာ ခရီးလမ်းကြောင်းဟာ ဆိုရင် လူအများကို အများကြီးစိတ်ဝင်စားမှု မြင့်တတ်သွားစေခဲ့ပါတယ်။

Google

ဝွန်ဘင်း က သူ့ရဲ့ အနုပညာ ခရီးလမ်းကြောင်းထက်ဆီကို လွယ်ကူ စွာ ရောက်ရှိလာခဲ့တဲ့ သူမဟုတ်ပါဘူး။ ဝွန်ဘင်း ရဲ့ အမေ က လယ်တောသူကြီး တစ်ယောက်ဖြစ်ပြီး ဝွန်ဘင်း ရဲ့ အဖေက ကျောက်တူးသမား တစ်ယောက်ဖြစ်ပါတယ်။ ဝွန်ဘင်း က လွတ်လပ်တဲ့သူတစ်ယောက်ဖြစ်ပြီး ခရီးတွေ ထွက်ရတာ ကြိုက်နှစ်သတ်တဲ့ သူဖြစ်ပါတယ်။ ဆင်းရဲပြီး ရိုးသားတဲ့ မိဘတွေကနေ ဆင်းတတ်လာတဲ့ Won Bin ဟာ စိတ်ထဲမှာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်ပြီး ဘာရည်ရွယ်ချက်မှ ရယ်လို့မရှိဘဲနဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသား တစ်လတ် ဖြစ်လာခဲ့တာပါ။

Google
Google

ဝွန်ဘင်း က Terrorist ဆိုတဲ့ ရုပ်ရှင်ကို မြင်မိပြီး သရုပ်ဆောင်ချင်တဲ့ စိတ်တွေ ဖြစ်လာတယ်လို့ သိရပါတယ်။ တစ်နေ့မှာ ဝွန်ဘင်း က Jae Il TV မှာ casting လက်ကမ်းစာစောင် တစ်ခုကို ရှာတွေ့ခဲ့ပြီး သရုပ်ဆောင် သင်တန်း အတွက် ဝင်လျှောက်ခဲ့ပါတယ်။ ရုပ်ရည်ချောမောပြီး ပြေပြစ်တဲ့ မျက်နှာ အချိုး အစားကြောင့် ဝွန်ဘင်း တစ်ယောက် အရွေးခံခဲ့ရပါတယ်။ ဝွန်ဘင်း ဟာ ကားစက်ရုံမှာ အလုပ်လုပ်နေရင်းနဲ့ သရုပ်ဆောင်ပိုင်းကို လေ့လာခဲ့တာလို့ သိရပါတယ်။

၁၉၉၅ ခုနှစ်မှာ ဝွန်ဘင်း က Andre Kim ရဲ့ ဖက်ရှင် ရှိုးပွဲမှာ မော်ဒယ်လုပ်ဖို့အတွက် ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ်မှာ ဝွန်ဘင်း က ‘Autumn in My Heart’ ဆောင်းဦး ရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Google
Google

ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းက ဝွန်ဘင်း အတွက် ကံထူးတဲ့ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပါတယ်။ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းကြောင့်ပဲ ဝွန်ဘင်း တစ်ယောက် ကြော်ငြာတွေ အများကြီး ရရှိခဲ့ပြီး ပရိသတ်တွေ အများကြီးကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Google
Google

အခုဆိုရင် တောင်ကိုရီးယားမင်းသား ဝွန်ဘင်း ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်ပြီး သရုပ်မဆောင်တော့တာ နှစ်ပေါင်း ၂၀ ကျော်သွားခဲ့ပြီပဲဖြစ်ပါတယ်။

Google

ရုပ်ရှင် ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှုကို  နှစ်ပေါင်း ၂၀ ကျော် အထိ မလုပ်ဘဲ ရပ်နားထားခဲ့ပေမယ့် ဝွန်ဘင်း ရဲ့ နာမည်က ဘယ်တော့မှ မကျဆင်းသွားခဲ့ပါဘူး။  အသက် ၄၀ ကျော်အထိ ကြော်ငြာ ဘုရင် တစ်ယောက်ဖြစ်နေတုန်းပါပဲ။ ကျေးလက်တောသားလေး ဘဝကနေ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယား မင်းသား Won Bin ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ်ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။