အခု လတ်တလော ထွက်ရှိနေတဲ့ တောင်ကိုရီးယား ရုပ်ရှင် ဇာတ်လမ်းတွဲတွေထဲမှာ “Our blues” ဇာတ်လမ်းကလည်း တကယ်ကို ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။ “Our blues” ဇာတ်လမ်းတွဲလေး မှာအခြား ဇာတ်လမ်းတွေနဲ့ မတူတဲ့ ထူးခြားချက်လေး တစ်ခုရှိနေပါတယ်။ အဲဒီထူးခြားချက်လေးကတော့ မသန်စွမ်းလို့ သတ်မှတ်ခြင်း ခံထားရတဲ့ Down Syndrome ရောဂါသည် ကောင်မလေးကို ထည့်သွင်း ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

Google

Down Syndrome ဝေဒနာရှင်လေး  Jung Eun-hye  က မင်းသမီး Han Ji-min  ရဲ့အမွှာ ညီမလေး နေရာကနေပါဝင် သရုပ်ဆောင်ရတာဖြစ်ပါတယ်။Jung Eun-hye လေး ကို ဇာတ်လမ်းထဲမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက များစွား ချီးကျူး ဂုဏ်ပြုပေးထားကြပါတယ်။ 

Google

Down Syndrome ဝေဒနာရှင်လေးနဲ့ မင်းသမီး Han Ji-min တို့ရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကလည်း လူအများကြားမှာ နာမည်ကြီး ရေပန်းစားနေခဲ့ပါတယ်။ 

Google
Google

ရိုက်ကွင်းနောက်ကွယ်မှာ တော င်ကိုရီးယားမင်းသမီး Han Ji-min က Down Syndrome ဝေဒနာရှင်လေး ကို ကြင်နာ နွေးထွေးမှု အပြည့်နဲ့ တွဲခေါ်ပေးနေတာဖြစ်ပါတယ်။ 

Google
Google
Google

 Down Syndrome ဝေဒနာရှင်လေးတွေက သူတို့ကိုယ်သူတို့ အခြားသူနဲ့ နှိုင်းပြီး အားငယ်တတ်တာကြောင့် သူတို့အတွက် နွေးထွေးကြင်နာ မှုဆိုတာ လုံးဝကို လိုအပ်ပါတယ် ။ မမ Han Ji-min ကလည်း သူကိုယ်တိုင်  စိတ်ရင်းနဲ့ Jung Eun-hye လေးကို အပြည့်အဝ ဂရုစိုက်ပေးနေတာ ပုံလေးတွေမှာ ပေါ်လွင်ပါတယ်နော်။

Google
Google

 စိတ်ကောင်းရှိပြီးနူးညံ့ကြင်နာတတ်တဲ့ မမ Han Ji-min  နဲ့  Down Syndrome ဝေဒနာရှင်လေးတို့ရဲ့ ပုံရိပ်လေးတွေကို ချစ်စဖွယ်ဖော်ပြပေးလိုက်ပါတယ်။ 

Instagram
Instagram
Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။