“အိမ်လေး တစ်လုံး လိုချင်တယ်” သီချင်းကို သီဆိုခဲ့တဲ့ အဆိုတော် နော်မာသထူးဝါး လေး မိခင် မမိုင်ဟာဆိုရင် ဒီကနေ့ မေလ ၂၉ ရက်၊  နံနက် ၆ နာရီ ၄၉ မိနစ်အချိန်မှာ ခရစ်တော်၌ အိပ်ပျော်သွားခဲ့ပြီလို့ သိရပါတယ်။ 

Photo credit to original uploader 
Youtube

နော်မာသထူးဝါးလေးတို့ မိသားစုဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းကနေ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ မိခင်ကြီး မမိုင်က အသည်းကင်ဆာ ရောဂါ ခံစားခဲ့ရပါတယ်။ 

Photo credit to original uploader 
Youtube

သားသမီးလေးတွေ စိတ်ကြောင့် တောင့်ခံထားပေမယ့် ဒီကနေ့မှာတော့ မမိုင်တစ်ယောက် လူ့လောကကနေ ထွက်ခွါသွားခဲ့ပြီလို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 

မိခင်ကြီး မမိုင် ကွယ်လွန်သွားချိန်မှာ သမီးလေး မာသထူးဝါး ၁၅ နှစ် နဲ့ အသက် ၁၃ နှစ် ၁၁ နှစ် အရွယ် မောင်လေး၂ ယောက် ၊ စုစုပေါင်း ကလေး ၃ ယောက်ကျန်ခဲ့ပါတယ်။ 

Photo credit to original uploader 

တောင်ကိုရီးယားနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေး ငယ်လေး ၃ ယောက်ပဲ ကျန်ခဲ့တာကြောင့် မာသထူးဝါးလေးတို့ မောင်နှမလေးတွေကို ဒီထက်ပိုပြီး ဂရုစိုက်ပေးပြီး ကူညီပေးဖို့ တိုက်တွန်းရန်း အခုအကြောင်းအရာလေးကို စိတ်မကောင်းစွာ ဖော်ပြပေးလိုက်ရပါတယ်။ 

Photo credit to original uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။