တောင်ကိုရီးယား ဟာသမင်းသားကြီး Lim Joon Hyuk ဟာ အသက် ၄၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။  Lim Joon Hyuk ကို မေလ ၂၇ ရက်နေ့ ညတုန်းက နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။ Lim Joon Hyuk ရဲ့ သေဆုံးမှုကို နှလုံးဖောက်ပြီး သေဆုံးမှုလို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ 

Google

Lim Joon Hyuk ရဲ့ ရုပ်အလောင်းကို ဆိုးလ်းမြို့ ဆင်ချွန်း ပြည်က Severance ဆေးရုံးကို ယူဆောင်သွားခဲ့တယ်လို့ သိရပြီး အသုဘအခန်းအနားကိုလည်း အဆိုပါ ဆေးရုံမှာပဲ ကျင်းပမယ်လို့ သိရပါတယ်။ 

Google
Google

Lim Joon Hyuk  က ဟာသမင်းသား လူရွှင်တော် တစ်ယောက် အဖြစ် ၂၀၀၃ ခုနှစ်က ပွဲဦးထွက်ခဲ့တဲ့ သူဖြစ်ပါတယ်။  “People Looking for a Laugh” နဲ့  “Gag Concert” စသဖြင့် ဟာသပရိုဂရမ်တွေ များစွာမှာ ပါဝင်ခဲ့တဲ့ သူဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်တုန်းက “I Can See Your Voice 5” အစီအစဉ်မှာလည်း နာမည်ကြီးအဆိုတော်တစ်ယောက်ကို တုပ တီဆိုတဲ့ ဟာသ လူရွှင်တော်အဖြစ် ပါဝင်ခဲ့ဖူးပါသေးတယ်။ ရုတ်တရက် ကြွေလွင့်သွားခဲ့ရတဲ့ဟာသ လူရွှင်တော်ကြီး Lim Joon Hyuk အကြောင်းကို စိတ်မကောင်းစွာ ဖော်ပြပေးလိုက်ရပါတယ်။ 

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။