မြောက်ကိုရီးယားနိုင်ငံဟာဆိုရင် တောင်ကိုရီးယား နာမည်ကြီးမင်းသမီး တစ်လတ် ဖြစ်တဲ့ Song Hye-Kyo ရဲ့ ဆံပင်ပုံစံတစ်ခုကိုတားမြစ်ချက် ဥပဒေ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။  

Google
Google

မြောက်ကိုရီးယားဘက်က တားမြစ်လိုက်တဲ့ ဆံပင်ပုံစံက မမ Song Hye-Kyo  "All In "(ချစ်သူ့ရင်ခွင်)  ဇာတ်လမ်းတွဲထဲမှာ ထားခဲ့တဲ့ အောက်ဘက် အကောက်လေးတွေနဲ့ ဆံပင် ပုံစံလေး ဖြစ်ပါတယ်။ “All Inn” ဇာတ်လမ်းတွဲကို မြောက်ကိုရီးယားနိုင်ငံက အရမ်းကြိုက်ကြပြီး မကြာခဏ ခိုး ကြည့်ကြတယ်လို့ သိရပါတယ်။ 

Google
Google
Google

အဲဒါကြောင့် ဇာတ်လမ်းထဲက သရုပ်ဆောင်မင်းသမီး Song Hye-Kyo ရဲ့ ဆံပင် ပုံစံကိုလည်း မြောက်ကိုရီးယားက အမျိုးသမီးတွေ လိုက်ညှပ်ကြတာ များပါတယ်။ 

Google


ဒါကို မြောက်ကိုရီးယားအစိုးရက ရိပ်မိသွားပြီး မြောက်ကိုရီးယားနိုင်ငံအတွက် အကျိုးယုတ်နိုင်တဲ့ ဖြစ်ရပ်လို့ ယူဆကာ အဆိုပါ ဆံပင် ပုံစံ ညှပ်ခြင်းကို တားမြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Google

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။