တောင်ကိုရီးယားယောကျာ်းလေးများအဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ Eli Kim ဟာ သူ့ရဲ့ အမျိုးသမီးဖြစ်သူနဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ သားလေးတစ်ယောက်ရှိပြီးမှ ကွာရှင်းခဲ့ကြရတာဖြစ်လို့ ဒီရွေးချယ်မှုက Eli Kim အတွက် မလွယ်ကူခဲ့ဘူးလို့သိရပါတယ်။ 

Google

ကွာရှင်းပြီးနောက်မှာ Eli Kim က အမေရိကားမှာရှိတဲ့ သူ့မိသားစုပိုင် စားသောက်ဆိုင်မှာ စတိုမန်နေဂျာအဖြစ်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ မကြာသေးမီကမှ  CHOSUN ရဲ့ 'We Got Divorced 2 ' အစီအစဉ်နဲ့  တောင်ကိုရီးယားနိုင်ငံက ဇနီးဖြစ်သူနဲ့ သားလေးဆီကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google

'We Got Divorced 2' အစီအစဉ်မှာလည်း Eli နဲ့ ဇနီးဟောင်း ဖြစ်သူတို့ ပြန်လည်အဆင်ပြေစေဖို့ အတွက် ညှိုနှိုင်းမှုလေး လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Google

Eli က သူနဲ့ ဇနီးဖြစ်သူနဲ့ သားလေးရယ်တို့ ၃ ယောက် အတူတူနေလို့ရပေမယ့် ဇနီးဖြစ်သူနဲ့ ပြန်ပေါင်းဖို့ အစီအစဉ်မရှိတာကြောင့် သားဖြစ်သူကို မျှော်လင့်ချက်အမှားတွေ မပေးချင်ဘူးလို့ ဆိုပါတယ်။ 

Youtube

သူတို့နှစ်ဦးသား ပြန်လည်ပေါင်းဖက်ဖို့အတွက် အိမ်ထောင်ရေး ရှေ့နေနဲ့တွေ့ပြီး ဆွေးနွေးမှုတွေအထိ လုပ်ခဲ့ကြပေမယ့် ဇနီးဖြစ်သူနဲ့ ပြန် ပေါင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ Eli က ဆိုပါတယ်။ 

Google
Google

Eli Kim က တောင်ကိုရီးယား - အမေရိကန်လူမျိုး ဖြစ်ပြီး လက်ရှိမှာ သားဖြစ်သူလေးကြောင့် အမေရိကန်ကနေတောင်ကိုရီးယားကို ရောက်ရှိနေတာဖြစ်ပါတယ်။ 

SOURCE - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။