တောင်ကိုရီးယား မင်းသား So Ji Sub ဟာဆိုရင် အချစ်ဆုံး သူငယ်ချင်းရဲ့ သေဆုံးမှုကြောင့် ဖြေမဆည်နိုင်အောင်နာကြင် ခဲ့ရတဲ့ သူဖြစ်ပါတယ်။ 

Google
Google

So Ji Sub နဲ့ သူ့ရဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူငယ်ချင်း တို့ဟာ အနုပညာလမ်းကြောင်းထက်ဆီကို တစ်ချိန်တည်းမှာ ရောက်ရှိလာသူတွေ ဖြစ်ပါတယ်။ နှစ်ဦးစလုံးက စင်ပြိုင် မင်းသားတွေဖြစ်ပေမယ့် So Ji Sub နဲ့  Park Yong Ha  တို့ နှစ်ဦးက ပြိုင်ဆိုင်မှုမရှိဘဲ တစ်ယောက်အပေါ်တစ်ယောက်နားလည်မှု အပြည့်ရှိပြီး အရမ်းကို ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း Park Yong Ha ဟာ အသက် ၃၃ နှစ်အရွယ် ၂၀၁၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှာ သူ့ကိုယ်သူအဆုံးစီရင်ပြီး လူ့လောကကနေ နှုတ်ဆက် ထွက်ခွါသွားခဲ့ပါတယ် ။

Google
Google
Google

နောက်ဆုံး နှုတ်ဆက်စကားလေး တစ်ခွန်းတောင် မပြောဘဲ ထွက်ခွါသွားခဲ့တဲ့ သူငယ်ချင်းအရင်းကြီး Park Yong Ha  ရဲ့ သတင်း ဟာ So Ji Sub ကို များစွာယူကြုံးမရ ဖြစ်သွားစေခဲ့ပါတယ်။ Park Yong Ha  ရဲ့ စျာပနအခန်းအနားမှာလည်း So Ji Sub  ကိုယ်တိုင် ဓာတ်ပုံဘောင်လေးကိုင်ပြီး ရှေ့ဆုံးက လိုက်ခဲ့ပေးခဲ့တာပါ။ 

Google

So Ji Sub က ပြောသမျှ ကို နားထောင်ပေးမယ့် သူကိုယ်တိုင် ကြီး တစ်ယောက်လုံးရှိတာတောင် ဘဝကြီးကိုအရှုံးပေးသွားခဲ့တဲ့ သူ့သူငယ်ချင်း Park Yong Ha ကိို နားမလည်တဲ့ အကြောင်း  အင်တာဗျူးတွေမှာ ဖြေခဲ့ပါသေးတယ်။ 

Google

အချစ်ဆုံး သူငယ်ချင်းကြီး ဆုံးပါးသွားခဲ့ရတဲ့ အချိန်ဟာ ၁၀နှစ်ကျော်သွားခဲ့ပြီဖြစ်ပေမယ့် So Ji Sub  ဟာ သူ့သူငယ်ချင်း ရဲ့ အုတ်ဂူလေးကို တစ်နှစ်မှ မပျက်ဘဲ နှစ်စဉ်နှစ်တိုင်း သွားခဲ့တယ်လို့ သိရပါတယ်။ သူငယ်ချင်းရဲ့အုတ်ဂူရှေ့မှာ ယူကြုံးမရ ဖြစ်နေရှာတဲ့ So Ji Sub  ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Google
Google

So Ji Sub  ဟာ စကားအများကြီး မပြောပေမယ့် သူဘယ်လောက်ကြေကွဲနေရတယ်ဆိုတဲ့ အကြောင်းကို မျက်လုံးတွေနဲ့ ဖော်ပြခဲ့တဲ့ သူဖြစ်ပါတယ်။ သေကွဲကွဲခဲ့ရတဲ့ တောင်ကိုရီးယား အနုပညာရှင် အချစ်ဆုံး သူငယ်ချင်းကြီး နှစ်ယောက်အကြောင်းကို စိတ်မကောင်းဖွယ် တင်ဆက်ပေးလိုက်ရပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။