သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာဆိုရင် ချစ်ဖို့ကောင်းပြီး ကြည်လင်အေးချမ်းတဲ့ မျက်နှာလေးနဲ့ မြင်သူတိုင်းကို ကြွေသွားစေမယ့် အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။

သူမဟာ အေးဝတ်ရည်သောင်းဆိုတဲ့ နာမည်နဲ့ အနုပညာ လမ်းကြောင်း ထက်ဆီကို ရောက်ရှိခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ပရိသတ်တွေကချစ်စနိုးနဲ့ အဖျားဆွတ်ပြီး မအေးသောင်းလို့ ခေါ်လာခဲ့ပါတယ်။ 

ပြည်သူ့အချစ်တော် မအေးသောင်းဟာဆိုရင် မကြာသေးမီကမှ အပျိုကြီး ဘဝကနေ ကျွတ်ပြီး လွတ်လွတ်လပ်လပ် လက်ထပ်ထားတဲ့ သူဖြစ်ပါတယ်။ မအေးသောင်းရဲ့ မင်္ဂလာပွဲကြီးဟာလည်း ကြီး ကျယ်ခမ်းနားပြီး လှပလွန်းလို့ မြင်သူတိုင်း အားကျခဲ့ရတာပါဖြစ်ပါတယ်။ 

Aye Thaung’s Facebook 

ဒီကနေ့ မေလ ၂၇ ရက်နေ့ လေးကတော့ ပြည်သူချစ် သရုပ်ဆောင် မင်းသမီးလေး မအေးသောင်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မအေးသောင်းက သူမရဲ့ မွေးနေ့မှာ အလိုချင်ဆုံး ဆုလေးတစ်ခု အကြောင်းကို ပြောပြရင်း မွေးနေ့ဆုတောင်းပေးကြတဲ့ သူတွေကို အခုလိုလေး ကျေးဇူးတင်ထားပါတယ်။ 

Aye Thaung’s Facebook 
Aye Thaung’s Facebook 

“မွေးနေ့ဆုတောင်းပေးကြတဲ့ချစ်ရတဲ့သူတွေအကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ???

အသက် ၃၈ နှစ်ပြည့်လာပြီ

ဘဝမှာတန်ဖိုးရှိတာတွေရယူပိုင်ဆိုင်ခဲ့ဖူးသလို

တန်ဖိုးထားရတာတွေလည်းဆုံးရှုံးဖူးတယ်

အကောင်းတွေချည်းမမြဲနေသလို 

အဆိုးတွေချည်းပဲလည်းမကြုံခဲရပါဘူး

တိုက်ခိုက်တာတွေခံခဲ့ရသလို

ချီးမြှောက်ခံခဲ့ရတာလည်းဒုနဲ့ဒေးပါပဲ

အကောင်း အဆိုးဒွန်တွဲနေတဲ့လောကကြီးမို့ရော

လူဖြစ်နေရတဲ့အတွက်ပါ အသက်ရှင်နေသ၍ကြုံရအုံးမှာပါပဲ။ 

Aye Thaung’s Facebook 

မွေးနေ့မှာတောင်းမိတဲ့ဆုကတော့

ကိုယ့်ကြောင့်သူများစိတ်မဆင်းရဲစေချင်တာရယ် 

ကြုံလာတဲ့သုခ ဒုက္ခတွေကို ကျော်ဖြတ်နိုင်တဲ့ခွန်အားပါပဲ???”

ချစ်ရတဲ့သူတွေအားလုံးလဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းရရှိကြပါစေနော်???”

Aye Thaung’s Facebook 

အသက် ၃၈ နှစ်ပြည့်သွားတဲ့ မအေးသောင်းရဲ့ ဆုတောင်းလေးကတော့ တကယ်ကို ထူးခြားလှပါတယ်နော်။

Aye Thaung’s Facebook 

 မအေးသောင်းတစ်ယောက် သူမလိုချင်တဲ့ ဆုတောင်းလေးအတိုင်း ပြည့်ပြီး ဘဝကြီးကို ခွန်အား အပြည့်နဲ့ လှပစွာလျှောက်လှမ်းနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ 

Aye Thaung’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။