မကြာသေးမီက တောင်ကိုရီးယား နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Song Joong Ki ရဲ့ ဓာတ်ပုံ ဟာ လူစိတ်ဝင်စားမှု များပြားနေခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံလေးက Song Joong Ki ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ထားခဲ့တဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ဓာတ်ပုံကို တင်ခဲ့တဲ့ အချိန်က နည်းနည်း ကြာနေပြီဖြစ်ပေမယ့် ဓာတ်ပုံက အခုမှ ပြန်ပြီး နာမည်ကြီး လာခဲ့တာ ဖြစ်ပါတယ်။
နာမည်ကြီးလာတဲ့ အကြောင်း အရင်းကတော့ ဓာတ်ပုံထဲမှာ ထူးထူးဆန်းဆန်း ပုံရိပ်တစ်ခု ပါနေလိုပဲ ဖြစ်ပါတယ်။ အဲဒီပုံရိပ်ကတော့ အခြား မဟုတ်ပါဘူး။ ယင်ကောင်တစ်ကောင်ပဲ ဖြစ်ပါတယ်။ အင်္ကျီပေါ်မှာ ယင်ကောင်နားနေတာကြောင့် ပရိသတ်တွေက Song Joong Ki ရဲ့ ရှပ်အင်္ကျီပေါ်မှာ ယင်ကောင် နားနေတဲ့အကြောင်းကို ရယ်စရာ ဟာသ အဖြစ် ဝိုင်းပြောခဲ့ကြပါတယ်။ ခဏလေးဆိုသလိုမှာပဲ Song Joong Ki ရဲ့ အင်္ကျီပေါ်မှာယင်ကောင် နားနေတဲ့ ဓာတ်ပုံကို လူပြောများပြီး နာမည်ကြီး လာခဲ့ပါတယ်။
နာမည်ကြီးလာတဲ့ ဓာတ်ပုံကြောင့် လည်း Brand ပိုင်ရှင်ဘက်ကနေ ပြန်လည် ဖြေရှင်းမှုတွေ လုပ်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ တကယ်တမ်းမှာတော့ Song Joong Ki ရဲ့ အင်္ကျီပေါ်မှာ ယင်ကောင်နားနေခဲ့တာ မဟုတ်ဘဲ အင်္ကျီ ဒီဇိုင်းကိုက ယင်နားနေတဲ့ ဒီဇိုင်း ပြုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Song Joong Ki ဝတ်ခဲ့တဲ့ ယင်နား ဒီဇိုင်း ရှပ်အင်္ကျီက တောင်ကိုရီးယား ဝမ် ၈သိန်းခွဲ တန်ဖိုး ရှိတဲ့ Dior ရဲ့ ‘Men’s Bee Embroidery Shirt’ အမှတ်တံဆိပ်ဖြစ်တယ်လို့ သိရပါတယ်။
ပရိသတ်တွေကတော့ Song Joong Ki ရဲ့ ရှပ်အင်္ကျီ ဓာတ်ပုံအောက်မှာ “ ဘာလို့ ယင်ကောင်ကို အဲ့နားမှာထားထားတာလဲဟယ် ..” ၊ “ငါသာဝတ်ရင် ဟဲ့ နင့်အဝတ်သွားပြန်လျှော်စမ်း” လို့ အပြောခံရမှာ စသဖြင့် ဟာသနှောတဲ့ မှတ်ချက်တွေ အများကြီး ပေးထားကြပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။