အပြုံးချိုချိုလေးနဲ့ အကြည်ဓာတ်လေးကို ပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီးလေး Jung Yoo Mi ကို မသိတဲ့သူမရှိလောက်ပါဘူးနော်။ Jung Yoo Mi ဟာဆိုရင် Partners for Justice ၊ Rooftop Prince ၊ Maids  ဇာတ်လမ်းတွဲတွေနဲ့ လူသိများ အောင်မြင်ခဲ့တဲ့ သူလေး ဖြစ်ပါတယ်။ အပျိုကြီးမမလို့ လူသိများတဲ့ မင်းသမီး Jung Yoo Mi ကတော့ မကြာခင်မှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။

Google
Google

မေလ ၂၇ ရက်နေ့မှာ ထွက်ရှိလာခဲ့တဲ့ သတင်းတွေအရ တောင်ကိုရီးယား သရုပ်ဆောင် Jung Yoo Mi က သူမရဲ့ ချစ်သူ အဆိုတော်ကောင်လေး Kangta နဲ့ ဒီနှစ်နှောင်းပိုင်းမှာ လက်ထပ်တော့မယ်လို့ သိရှိရပါတယ်။ Jung Yoo Mi နဲ့ အဆိုတော် Kangta  တို့က ၂ နှစ်အကြာတွဲပြီးတဲ့နောက်မှာ မင်္ဂလာပွဲဆင်နွှဲတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲမှာ  မိသားစုဝင်တွေနဲ့ သူငယ်ချင်းဆွေမျိုးတွေကိုသာ ဖိတ်ကြားမယ်လို့လည်း ကြားသိရပါတယ်။

Google

Jung Yoo Mi  ရဲ့ ချစ်သူ အဆိုတော် Kangta ဟာဆိုရင် ၁၉၉၆ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ H.O.T အဖွဲ့ရဲ့ အဓိက အဆိုတော် အဖြစ် လူသိများခဲ့တဲ့ သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုတော် Kangta က တစ်ကိုယ်တော် အဆိုတော် အဖြစ် ရပ်တည်ခဲ့ပါတယ်။

Google
Google

သူနဲ့ ချစ်ရသူလေး Jung Yoo Mi တို့က ၂၀၂၀ ခုနှစ် ၊ ဖေဖော်ဝါရီလမှာ တွဲနေကြောင်း လူသိရှင်ကြားကြေညာခဲ့တာဖြစ်ပါတယ်။ ကြားသိရတဲ့ သတင်းတွေသာ မှန်ရင် သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲလေးကို မကြာခင်မှာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။