မကြာသေးမီက သူမရဲ့ Youtube စာမျက်နှာပေါ်မှာ နောက်ဆုံး blog လေးရိုက်ပြီးတင်ခဲ့တဲ့ Youtuber လေး Kkuming ကတော့ မကြာသေးမီ အချိန်က သေဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ Youtuber လေး Kkuming  က သူမ အသက် ၂၃ နှစ်အရွယ် မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ Youtuber လေး Kkuming က သူမကွယ်လွန်တော့မယ့်အကြောင်းကို မသေဆုံးခင်အချိန်က blog လေးရိုက်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ သူမက ကင်ဆာရောဂါ ခံစားနေရတဲ့ အကြောင်းကို အရင်ကတည်းက ပြောပြထားခဲ့တာဖြစ်ပြီး နောက်ဆုံး ထွက်ခွာသွားခါနီးမှာလည်း ပရိသတ်တွေကို သေသေချာချာလေး နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Youtube

Kkuming ကွယ်လွန်သွားတာကို အသိပေးခဲ့တဲ့ netizen လေးတစ်ယောက်က Kkuming ဟာ မကွယ်လွန်ခင်က သူမရဲ့ Youtube က ပရိသတ်တွေကြောင့် အရမ်းကိုပျော်ရွှင်ခဲ့ကြောင်း နောက်ဘဝဆိုတာသာ ရှိခဲ့မယ်ဆိုရင် Kkuming တစ်ယောက် သူမရဲ့ ပရိသတ်တွေနဲ့ ပြန်တွေ့နိုင်ဖို့အတွက် ဆုတောင်းပါကြောင်း စိတ်မကောင်းစွာနဲ့ မှတ်ချက်လေး ဝင်ရေးပေးထားပါတယ်။

Google

Kkuming ကွယ်လွန်သွားတာ မြန်ဆန်လွန်းတာကြောင့် တချို့ကလည်း ကွယ်လွန်သွားတာကို မယုံကြည်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း Kkuming ရဲ့ သူငယ်ချင်း အရင်းကြီးတွေက Kkuming လေး ကွယ်လွန်သွားပြီး ဈာပန အခန်းအနားတောင် ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်ကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။

Instagram
Instagram

Kkuming ဟာဆိုရင် ကင်ဆာရောဂါနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ ပုံရိပ်လေးတွေ ဗီဒီယိုလေးတွေ အမြဲ တင်ပေးတဲ့ တောင်ကိုရီးယား Youtuber လေးတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ကင်ဆာရောဂါ အဆင့်က ၂၀၂၀ ခုနှစ် ၊ အသက် ၂၁ နှစ် အရွယ်မှာကတည်းက နံပါတ် ၄ ဖြစ်နေတာပါ။ 

Instagram
Instagram

Kkuming လေးက မကွယ်လွန်ခင် အချိန်မှာ ပရိသတ်တွေရဲ့ အချစ်တွေ အများကြီး ရရှိပိုင်ဆိုင်ခဲ့တဲ့ သူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Kkuming လေးရေ .. နောက်ဘဝတွေမှာ ကျန်းမာရေးကောင်းတဲ့သူအဖြစ် ပြန်လည် ဝင်စားနိုင်ပြီး ဖြစ်ချင်တဲ့ လုပ်ချင်တာတွေ အများကြီးကို စိတ်တိုင်းကျ လုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။