အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ်းနိုင်ငံသား Jesse  Koz နဲ့ သူ့ရဲ့ ချစ်လှစွာသော Golden retriever ခွေးကြီး တို့ဟာ “ဘရာဇီးလ် နိုင်ငံ မှ အလာစကာနိုင်ငံသို့ ကားဖြင့်ခရီးနှင်ခြင်း” ဆိုတဲ့ အိမ်မက်နဲ့ ၂၀၁၇ ခုနှစ်မှ စတင်ကာ နိုင်ငံပေါင်း ၁၇ နိုင်ငံကို ခရီးထွက်ခဲ့ ကြတာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ သွားခဲ့တဲ့ ခရီးမိုင်က မိုင်ပေါင်း၅၂,၀၀၀ ၊ နိုင်ငံပေါင်း ၁၇ နိုင်ငံ  သို့ ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Instagram
Instagram
Instagram

သူတို့နှစ်ဦးဟာ ကားဖြင့် ခရီးထွက်ခဲ့တဲ့ ပုံရိပ်လေးကို လူမှုကွန်ရက် အင်စတာစာမျက်နှာပေါ်မှာ တင်ခဲ့ပြီး လူသိများလာကာ follower 431,000 ကျော်အထိ ရရှိလာခဲ့ပါတယ်။

Instagram
Instagram
Instagram

Jesse Koz  တို့ သားအဖဟာ ခရီးကို အာလာစကာမှာ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ၂၀၂၀ ကိုဗစ်ကာလမှာ အမေရိကားကနေ မက္ကစီကို လမ်းကြောင်းကို ပိတ်ထားတာကြောင့် ဘရာဇီးကို ပြန်သွားနေခဲ့ကြပါတယ်။ အခုနှစ်၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလကမှ ခရီးစဉ်ကို  ပြန်လည်အသက်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ 

Instagram
Instagram
Instagram

Jesse Koz  တို့ သားအဖဟာ လမ်းတစ်လျှောက် ပျော်ရွှင်နေတဲ့ ပုံလေးတွေ တောက်လျှောက်တင်ခဲ့ကြပြီး အရာအားလုံး အေးအေးဆေးဆေး ရှိခဲ့ကြ ပေမယ့် သူတို့ နှစ်ဦးကို ကံကြမ္မာက အခွင့်အရေး မပေးခဲ့ပါဘူး။

Google

 ခရီးအတူတူ ထွက်ခဲ့ကြတဲ့ Jesse Koz  တို့ သားအဖ လေးဟာ ခရီးလမ်းဆုံး မရောက်ခင်မှာပဲ အမေရိကားမှာ ကားတိုက်မှုဖြစ်ပြီး ဆုံးပါးသွားခဲ့ရပါတယ်။ ကွယ်လွန်သွားချိန်မှာ Jesse Koz  ရဲ့ အသက်က ၂၉ နှစ်အရွယ်သာရှိပါသေးတယ်။ 

Instagram
Instagram 

သခင်ရော ၊ ခွေးလေးရော နှစ်ယောက်စလုံး အခုအချိန်မှာ  ရှည်လျားတဲ့ ခရီးလမ်းကြောင်း တမလွန်ခရီးကနေ အလာစကာကိုအတူတူသွားနေမှာ သေချာပြီပဲ ဖြစ်ပါတယ်။ တမလွန်ခရီးမှာ ပျော်ရွှင်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။