အလှူအတန်း ရက်ရောပြီး စိတ်ထားလေး ကောင်းမွန်လွန်းလှတဲ့ နတ်သမီးလေး IU ကို မသိတဲ့ သူရယ်လို့ မရှိလောက်မှာ မဟုတ်ပါဘူးနော်။ IU လေးက စိတ်ထားလေးကောင်းသလောက် IU လေးရဲ့ မိခင်ကြီးကလည်းစိတ်ဓာတ်လေး တော်တော်ကောင်းတယ်လို့ သိရပါတယ်။ မကြာသေးမီက variety Show တစ်ခုမှာလည်း IU လေးက သူမရဲ့ မိခင်ကြီး အကြောင်းကို ပြောလာခဲ့ပါတယ်။ IU က သူမရဲ့ မိခင်ကြီးက  သူမရဲ့ ပိုက်ဆံကို တစ်ပြား တစ်ချပ်မှာမသုံးဘဲ အခုအချိန်ထိ ကိုယ်တိုင်အလုပ်လုပ်ပြီး ဝင်ငွေရှာနေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

Google

 IU လေးမအောင်မြင်ခင်ကာလ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အချိန်၊ အကြွေးတွေ ပတ်လည်ဝိုင်းနေစဉ်ကာလကတုန်းကလည်း IU ရဲ့ အမေက သမီးဖြစ်သူရဲ့ ငွေကြေးကို တစ်ပြားတစ်ချက်မှ မသုံးဘဲ အကြွေးတွေကို ရအောင်ဆပ်ခဲ့တယ်လို့ သိရပါတယ်။ သမီး ဖြစ်သူ အောင်မြင်လာခဲ့စဉ်မှာလည်း သမီး ဖြစ်သူရှာထားတဲ့ ငွေနဲ့ အကြွေးမဆပ်ခဲ့ဘဲ သူမ ကိုယ်ပိုင်ဝင်ငွေနဲ့သာ အကြွေးတွေ ကြေအောင် ရုန်းကန်လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။

Google

IU ရဲ့ မိခင်ကြီး အိမ်မက်က မိဘမဲ့ ကလေး ဂေဟာကြီး ဆောက်ချင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူမအနေနဲ့တော့ မရင့်ကျက်ခင်က သူမအမေ သူမကို ချစ်တဲ့ အချစ်တွေ ပေါ့သွားပြီး အခြား မိဘမဲ့ကလေးတွေကို ချစ်သွားမှာ ဆိုးတာကြောင့် မိခင်ကြီးရဲ့ အိမ်မက်ကို မကြိုက်ခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ IU လေးက မိခင်ကြီးရဲ့ စိတ်ကို နားလည်လာခဲ့ပြီး သူမကိုယ်တိုင်လည်း အခြားသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် IU လေးက များပြားလှတဲ့ အလှူအတန်းတွေကို ရက်ရက်ရောရော ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ 

Google
Google

IU အနေနဲ့ သူမဆီမှာ ငွေကြေးများစွာ ရှိပေမယ့် မိခင်ကြီးရဲ့ အိမ်မက်ဖြစ်တဲ့ မိဘမဲ့ ဂေဟာ အိမ်မက်ကိုအကောင်အထည် မဖော်ပေးနိုင်တဲ့အကြောင်းအရင်းကိုလည်း  ဆက်ပြီး ရှင်းပြပေးထားပါတယ်။ 

IU လေး မိခင်ကြီးရဲ့ တိကျတဲ့ စည်းမျဉ်းတစ်ခုက သမီးဖြစ်သူရဲ့ ပိုက်ဆံကို လုံးဝ မထိဘူးဆိုတဲ့ စည်းမျဉ်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် သမီး ဖြစ်သူရဲ့ ပိုက်ဆံကို သုံးပြီး သူမရဲ့ အိမ်မက်ကို အကောင်အထည် မဖော်တာဖြစ်ကြောင်း IU လေးက ဆိုပါတယ်။ 

Google

 IU ရဲ့ မိခင်ကြီးက အခုအချိန်အထိလည်း သမီး ဖြစ်သူရဲ့ ရိုက်ကူးရေးက လုပ်ဖော်ကိုင်ဖက်တွေအတွက် စားစရာလှည်းလေးတွေကို ကိုယ်တိုင်ရှာထားတဲ့ ငွေလေးနဲ့ ပို့ပေးနေကြလို့ သိရပါတယ်။ 

Google
Google

စိတ်ဓာတ်ကောင်းလွန်းလှတဲ့ မိခင်ကြီးကြောင့် IU လေးက အခုလိုမျိုး သဘောကောင်းမနောကောင်း၊  စိတ်ထားလေး လှလွန်းနေတာပဲ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းလွန်းလှတဲ့ IU တို့ သားအမိလေး အကြောင်းကို ဝေမျှပေးလိုက်ရပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။