ပြည်သူဘက်မှ ရပ်တည်ပေးပြီး ပြည်သူတွေက ချစ်ခင်မြတ်နိုးတန်ဖိုးထားရတဲ့ မင်းသား ဒေါင်း နဲ့ မင်းသမီး ပိုင်ဖြိုးသု ပါဝင်ရိုက်ကူးထားတဲ့ နိုင်ငံပျောက်သူ ရုပ်ရှင် ဇာတ်ကား ကို သိပ်မကြာခင်မှာ ထုတ်လွှင့်တော့မယ်ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကား ကို မင်းသမီးချောလေး ပိုင်ဖြိုးသု ရဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီး က ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ဝင်တေးအနေနဲ့ အဆိုတော် ဟန်ထူးလွင် က ပါဝင်ကူညီအားဖြည့်ထားတယ်လို့ သိရပါတယ်။
၎င်း " နိုင်ငံပျောက်သူ " ရုပ်ရှင်ဇာတ်ကား ကို Pa Day Thar Pin Youtube Channel (ပဒေသာပင် Youtube Channel) မှ လာမယ့် မေလ(၃၀)ရက်မှာ ထုတ်လွှင့်သွားမယ်လို့ဆိုပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။