တောင်ကိုရီးယား နာမည်ကြီး ယောကျာ်းလေးများ အဆိုတော်အဖွဲ့ Bigbang ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Seungri ရဲ့ နောက်ဆုံး တရားရုံး အမိန့်ချမှတ်ချက်ကတော့ ပြီးလို့ သွားခဲ့ပြီပဲဖြစ်ပါတယ်။ Seungri ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလက တရားမဝင် လောင်းကစားမှု ၊ လိင်အကြမ်းဖက်မှုနဲ့ပတ်သတ်တဲ့ တရားမဝင် ဗီဒီယိုတွေ ရိုက်ကူးမှု အပါအဝင် စုစုပေါင်း အမှု ၉ ခုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Seungri ကို စုစုပေါင်း ထောင်ဒဏ် ၁ နှစ် ၆ လ ချမှတ်လိုက်ပြီပဲဖြစ်ပါတယ်။

Google
Google

စုံစမ်း စစ်ဆေးမှုတွေ ပြီးပြီးချင်းနောက်မှာ Seungri ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီးနောက်မှာ အယူခံ တင်သွင်းခဲ့ပြီး စစ်တပ်တရားရုံးက ထောင်ဒဏ် ၁ နှစ်ခွဲ ပြန်လျော့ခဲ့ပါတယ်။ ဒါကြောင့် Seungri က ကျခံရမယ့် ထောင်ဒဏ်က စုစုပေါင်း ၁ နှစ် နဲ့ ၆ လ ဖြစ်ပါတယ်။

Google
Google

Seungri ဟာဆိုရင် ၂၀၂၁ ခုနှစ် ၊ သြဂုတ်လမှာကတည်းက စစ်တပ်က အကျဉ်းထောင်မှာ အကျဉ်းကျနေခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ Seungri အကျဉ်းကျနေခဲ့တာ ၉ လနီးပါးရှိနေပါပြီ။ ဒါကြောင့် Seungri က ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလမှာ ပြန်လည် လွတ်မြောက်လာမှာ ဖြစ်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။