တောင်ကိုရီးယား မင်းသမီးတွေထဲမှာ Kim Tae Ri ဟာဆိုရင်လည်းတော်တော်လေးကို ထူးချွန် တဲ့ သူဖြစ်ပါတယ်။ သူမကို ၁၉၉၀ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ခဲ့တဲ့သူအဖြစ် အသိအမှတ်ပြုခံထားရတဲ့ သူလေး ဖြစ်ပါတယ်။ 

Google

လှပပြီး ချောမောအပြင် ထူးချွန်တဲ့ သရုပ်ဆာင်အရည်အချင်းတွေကြောင့်လည်း Kim Tae Ri ကို တောင်ကိုရီးယားအနုပညာလောကမှာ တတ်သစ်စ ကြယ်ပွင့်လေး အဖြစ် သက်မှတ်ထားကြပါတယ်။

Google

Kim Tae Ri က အခြား ရွယ်တူတွေထက် ပိုနောက်ကျပြီး ပွဲဦး ထွက်ခဲ့တာ ဖြစ်ပါတယ်။ သူမ စတင်ပွဲဦးထွက်ခဲ့တဲ့အချိန်ကတော့ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပါတယ်။ Kim Tae Ri ဟာ ရုပ်ရှင် ဒါရိုက်တာနဲ့ ပရိုဂျူဆာတွေကနေပြီးမကြာခဏ ချီးကျူးခံရတဲ့သူလေးလည်းဖြစ်ပါတယ်။ 

Google

Kim Tae Ri ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Mr. Sunshine” နဲ့  “Twenty Five Twenty One”  ဇာတ်လမ်းတွဲတွေဟာဆိုရင်လည်း လူကြိုက်များပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ တခဲနက် ရရှိခဲ့တဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ မကြာသေးမီကလည်း Kim Tae Ri လေးက တောင်ကိုရီးယားရဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Song Hye Kyo နဲ့  Son Ye Jin တို့ကို ကျော်တတ်ပြီး Baeksang Best Actress ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

Google
Google
Google

ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ဒီနှုန်းအတိုင်းသာ ဆက်ထိန်းထားရင် Kim Tae Ri တစ်ယောက် Song Hye Kyo နဲ့  Son Ye Jin တို့ခြေရာကိုမှီပြီး သူတို့လိုမျိုး ကျွမ်းကျင်တဲ့ သရုပ်ဆောင်တွေ သေချာပေါက် ဖြစ်လာမှာပဲလို့သိရပါတယ်။ 

Google

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။