ထိုင်းမင်းသမီးလေး Tangmo ဟာ စက်လှေပေါ်ကနေ ပြုတ်ကျပြီးသေဆုံးသွားခဲ့ရတဲ့ သူဖြစ်ပါတယ်။ Tangmo ရဲ့အမှုကို ရိုးရိုးသာမန် အမှု မဟုတ်ဘူးဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ အများကြီး ပြုလုပ်ခဲ့တာကို အားလုံးပဲ သိကြမှာပါနော် ။ စုံစမ်းစစ်ဆေးမှုတွေ များစွာ လုပ်ခဲ့ပေမယ့်လည်း Tangmo ရဲ့ အမှု ဟာ တရားခံ ရှာမရဘဲ အဆုံးသတ်သွားခဲ့ရပါတယ်။ 

Google

မကြာသေးမီက Tangmo သုံးခဲ့တဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေပြီး Tangmo နဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို ပြန်လည် တင်လာခဲ့ပါတယ်။ အကြောင်းအရာတွေက Tangmo ရဲ့ ဖုန်းထဲကနေ ရယူထားတဲ့ အကြောင်းအရာတွေဖြစ်တာကြောင့် Tangmo များ အသက် ပြန်ရှင်လာတာလား ဆိုတဲ့ ယူဆချက်တွေ အများကြီး ပေါ် ပေါက်လာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး Tangmo ရဲ့ အမေက သူမက Tangmo သေဆုံးမှုနဲ့ ပတ်သတ်ပြီး သူ့သမီး တကယ်အသက်ခံခဲ့ရတာလားဆိုတာ သိရဖို့ Tangmo ရဲ့ ဖုန်းကို စစ်ဆေးခဲ့ဖူးတယ်လို့ သိရပါတယ်။

Google

 ပထမတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Apple Store မှာ ဖုန်းကို ပြသခဲ့ပေမယ့် အဆင်မပြေတာကြောင့် အမေရိကန်ကိုပို့ပြီး Bang Jack ဆိုတဲ့ လူဆီမှာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် ဖုန်းကို Bang Jack ဆီကနေ ပြန်ယူခဲ့တယ်လို့ သိရပါတယ်။ 

Google

Tangmo ရဲ့ အမေက Bang Jack အနေနဲ့ အခုလိုမျိုး လုပ်မယ်ဆိုတာကို မထင်ထားဘူးလို့ ဆိုထားပါတယ်။ အခုလိုကိစ္စမျိုးဟာ လူရင်းဆီကနေ သစ္စာဖောက်ခံရသလိုမျိုး ဖြစ်နေတာကြောင့် Tangmo ရဲ့ မိခင်အနေနဲ့လည်းအနည်းနဲ့ အများစိတ်ထိခိုက်နေမှာပါ။ Tangmo ရဲ့ အမေကတော့ သူမအနေနဲ့ ဘာမှ ပြောစရာ မရှိကြောင်းနဲ့ အခုလို post တွေ တင်နေတဲ့ သူကို သူမ သမီး အကောင့်ကနေ post တင်တာ ရပ်တန်းက ရပ်ပေးဖို့ ပြောထားပါတယ်။ 

Google

ထိုင်းမင်းသမီး Tangmo ရဲ့အကြောင်းအရာတွေဟာအခုနောက်ပိုင်းမှာ သူမ အသုံးပြုခဲ့တဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ ပြန်လည် အသက်ဝင်လာခဲ့တာကြောင့် လူစိတ်ဝင်စားမှု များနေခဲ့တာ ဖြစ်ပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။