တောင်ကိုရီးယား မင်းသမီး Hong Eun-hee ဟာဆိုရင် အသက် ၄၃ နှစ်ရှိနေပြီဖြစ်ပေမယ့် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ငယ်ရွယ်နုပျိုနေတဲ့ သူလေး ဖြစ်ပါတယ်။

Google

ငယ်ရွယ်နုပျိုနေတဲ့ ပုံရိပ်လေးကြောင့် သူမကို လက်မထပ် ရသေးတဲ့ သူလို့ လူအများက အထင်မှား ကြပါတယ်။ Hong Eun-hee က သူမထက် ၁၁ နှစ်အရွယ်ငယ်တဲ့ ချစ်ရသူနဲ့ ၂၀၀၃ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က တွဲပြီး တစ်လ အကြာမှာပဲ လက်ထပ်ခဲ့တာကြောင့် သူတို့ရဲ့ သတင်းက နာမည်ကျော်ခဲ့သလို မသိတဲ့သူတွေလည်းတော်တော်များခဲ့ပါတယ်။ 

Google
Google

Hong Eun-hee က သူမခင်ပွန်းနဲ့ လက်ထပ်ခဲ့စဉ်က အသက် ၂၄ နှစ်အရွယ်သာ ရှိပါသေးတယ်။ လူတော်တော်များများက သူမရဲ့ နုဖတ်နေတဲ့ မျက်နှာလေးကြောင့် လက်မထပ်ရသေးတဲ့ သူလို့ အထင်မှားကြပေမယ့် Hong Eun-hee ဆီမှာ အသက် ၂၀ အရွယ်သားတစ်ယောက်နဲ့ ၊ အသက် ၁၄ နှစ်အရွယ်သားတစ်ယောက် စုစုပေါင်း သားလေး ၂ ယောက် ရှိပါတယ်။

Google
Google

 အသက် ၄၀ ကျော်နေပြီ ဖြစ်ပေမယ့် ငယ်ရွယ်နုပျိုနေ ဆဲဖြစ်တဲ့ တောင်ကိုရီးယား မင်းသမီး Hong Eun-hee အကြောင်းကို ဝေမျှပေးလိုက်ပါတယ်နော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။