Park Min-ha က Channel A ရဲ့ အင်တာတိန်းမန့် ရှိုး တစ်ခုဖြစ်တဲ့ “Super DNA – Blood that cannot lie” မှာ သူမရဲ့ လက်ရှိ အခြေအနေကို ဖော်ပြပေးလာခဲ့ပါတယ်။ Park Min-ha ဟာ ကလေး သရုပ်ဆောင်လေး အဖြစ် အနုပညာ လမ်းကြောင်းထက်ဆီမှာ လျှောက်လှမ်းခဲ့တဲ့ သူဖြစ်ပါတယ်။

Google

Park Min-ha က Indomitable Daughters-in-Law ဇာတ်လမ်းထဲမှာ လည်း ကလေး သရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကလေးလေး ဖြစ်ပါတယ်။

Google
Channel A
Channel A
Channel A

Hyun Bin ရဲ့ လက်ပေါ်က ကလေးမသေးသေးလေးက အခုအချိန်မှာ အရွယ်ရောက်လာပြီး Hyun Bin နဲ့ ဇာတ်လမ်းတွဲကြီးမှာတောင် ပါဝင်သရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့ Park Min-ha လေးက နိုင်ငံ့ သေနတ်ပစ် အား ကစားသမား အဖြစ် ကစားနေတဲ့ သူဖြစ်ပြီး အနုပညာ လုပ်ငန်းတွေ ပါ လုပ်နေတာကြောင့် မအားနေတဲ့ သူဖြစ်ပါတယ်။

Google
Google

လက်ရှိမှာဆိုရင် Park Min-ha က Confidential Assignment 2 ကို Hyun Bin နဲ့ အတူ တွဲပြီး သရုပ်ဆောင်လို့ပြီးသွားခဲ့ပြီပဲဖြစ်ပါတယ်။ Hyun Bin ရဲ့ လက်ပေါ်က ကလေးမလေးက ဒီလောက်ချစ်ဖို့ကောင်းပြီး အရွယ်ရောက်လာခဲ့တာကြောင့် တောင်ကိုရီးယား ပရိသတ်တွေ အနေနဲ့ များစွာ အံ့သြနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။