တောင်ကိုရီးယား အနုပညာရှင်တွေ တွဲနေကြတဲ့ သတင်းတွေ ထွက်လာပြီဆိုရင် လူအများစုက ဆဲကြတာများပါတယ်။ အရမ်းချစ်ကြရတဲ့ အရမ်းအားပေးရတဲ့ Idol တွေချိန်းတွေ့နေကြတဲ့ သတင်းတွေထွက်လာရင် ပိုဆိုးပါတယ်။

Google
Google

ဒါပေမယ့် တောင်ကိုရီးယား နာမည်ကြီး အဆိုတော် GIRL Generation အဖွဲ့ဝင် တစ်ယောက်လည်းဖြစ်၊သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Sooyoung နဲ့ မင်းသား Jung Kyung Ho တို့ အတွဲလေးကတော့ ရှားမှရှား ပရိသတ်အချစ်တော် လူ တိုင်း အားကျရတဲ့ အတွဲလေး ဖြစ်နေပါတယ် ။ 

Instagram 

သူတို့ နှစ်ဦးက ၂၀၁၃ ခုနှစ်မှာ တွဲနေတယ်ဆိုတဲ့ အကြောင်းကို ငြင်းဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ တရားဝင်တွဲနေတဲ့ အကြောင်း ကို ဝန်ခံခဲ့ပါတယ်။ 

သူတို့နှစ်ဦးစလုံးက တစ်ယောက်ချင်းစီ အလုပ်တွေ မအားကြပေမယ့် ချိန်းတွေ့ရမယ့် အချိန်ကိုတော့ အချိန်ကိုက်ဖန်တီး ညှိယူနိုင်ကြတဲ့ အတွဲလေးဖြစ်ပါတယ်။ 

Google

အခုတစ်ခေါက်မှာလည်း Sooyoung  နဲ့ Jung Kyung Ho တို့ အတွဲလေးက လော့စ်အိမ်ဂျလိစ်မှာ ပျော်ရွှင်စွာ ချိန်းတွေ့နေတဲ့ ပုံလေးတွေ တတ်လာခဲ့ပါတယ်။ 

Instagram
Instagram
Instagram

ဓာတ်ပုံလေးတွေထဲမှာ သူတို့ နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် တွဲပြီး ရိုက်ထားတာ မဟုတ်ပေမယ့် နေရာတစ်နေရာတည်းမှာ ရှိနေတာကြောင့် ပရိသတ်တွေက သူတို့ နှစ်ဦး အတူချိန်းတွေ့ပြီး ခရီးထွက်နေကြတယ်ဆိုတာကိုသိကြပါတယ်။ 

Instagram
Instagram
Instagram

တစ်နေရာတည်းမှာရှိပြီး အတူတူချိန်းတွေ့နေကြတဲ့  Sooyoung နဲ့  Jung Kyung Ho တို့ အကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 

Instagram
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။