ဒီရက်ပိုင်းမှာ လှေပေါ်ကနေ ပြုတ်ကျသေဆုံးသွားရတဲ့ ထိုင်းမင်းသမီး Tangmo နဲ့ပတ်သတ်ပြီး အရင်က မမြင်ဖူးတဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတွေ တစ်စပြီး တစ်စ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ စစချင်းမှာ Tangmo သုံးခဲ့တဲ့ အကောင့်တွေကနေ ထူးထူးဆန်းဆန်း အကြောင်းအရာတွေ တင်လာခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အခြား အကောင့်တွေနဲ့ပါ Tangmo သေဆုံးမှုနဲ့ ပတ်သတ်တဲ့ဗီဒီယိုတွေ တင်လာတာကို တွေ့ရပါတယ်။ 

Google

ယမန်နေ့ကလည်း Happy Melon Official ဆိုတဲ့ Page ကနေ Tangmo နဲ့ ပတ်သတ်တဲ့ ဗီဒီယို တစ်ခု တင်ပေးလာခဲ့ပါတယ်။ ဗီဒီယိုထဲမှာ Tangmo က သူမ ပြုတ်ကျ သေဆုံးသွားတဲ့ လှေပေါ်မှာ ထိုင်လျက်လေးရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ လှိုင်းက ဒီလောက်ကြမ်းနေတာ .. ဘယ်လိုလုပ်လှေနောက်ဖက်မှာ ရှူးပေါက်လို့ ရမှာလဲဆိုပြီးတော့လည်း ရေးထား ပါတယ်။ 

Happy Melon Official’s Facebook 
Happy Melon Official’s Facebook 

အဆိုပါ page မှာပဲ ဒီမနက် တင်ထားတဲ့ update post တစ်ခုမှာ Mo က အရက်တွေအများကြီး မသောက်ထားပါဘူး။ သူငယ်ချင်း ၅ ယောက်နဲ့ အတူတူသောက်တာပါ။ ဒါပေမယ့် alcohol test စစ်တဲ့အချိန်မှာ ဘာလို့ Mo တစ်ယောက်တည်း 93mg% ရှိနေရတာလဲဆိုပြီး မေးထားပြန်ပါသေးတယ်။ ဓာတ်ပုံထဲမှာလည်း Tangmo ရဲ့သူငယ်ချင်းက အရက်ခွက်ကိုင်ထားပြီး Tangmo ဆီမှာ ဘာအရက်ခွက်မှ ကိုင်မထားတာကိုတွေ့ရပါတယ်။ 

Happy Melon Official’s Facebook 
Happy Melon Official’s Facebook 

ထို့နောက် ဆက်ပြီးတော့လည်း Tangmo တစ်ယောက် မျက်နှာမှာ ဒဏ်ရာတွေနဲ့ ဟိုးအရင်က အနိုင်ကျင့် ခံထားရတဲ့ ဓာတ်ပုံတွေ တင်ထားခဲ့ပါသေးတယ်။ 

Happy Melon Official’s Facebook 
Happy Melon Official’s Facebook 

တစ်စုံတစ်ယောက်က အကြောင်းအရာ အဟောင်းတွေနဲ့ အသစ်တွေနဲ့ကို ရောပြီး Tangmo လေးအတွက် အမှန်တရားကို ဖော်ထုတ်ပေးနေတယ်လို့ အင်တာနက် အသုံးပြုသူတွေက ယူဆထားကြပါတယ်။ ဆက်လက်ပြီးတော့လည်း အဲဒီ တစ်စုံတစ်ယောက်က ဘယ်လိုအကြောင်း အရာတွေနဲ့ အမှန်တရားကို ဆက်ပြီး ဖော်ထုတ်သွားဦးမလဲဆိုတာ ဆက်ပြီး စောင့် ကြည့်သွားရမှာ ဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။