အားလုံးပဲ စက်လှေပေါ်ကနေ ပြုတ် ကျသေဆုံးသွားရတဲ့ ထိုင်းမင်းသမီး Tangmo ကို သိကြမှာပါနော်။ Tangmo ရဲ့အမှုက ထင်သလောက် မရိုးရှင်းပေမယ့်လည်း အမှုမှန် မပေါ်ပေါက်သေးခင်မှာ အဆုံးသတ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ထိုင်းရဲတွေ ဘက်ကရော Tangmo ရဲ့ မိခင်ဘက်ကရော အမှု ပိတ်သိမ်းသွားခဲ့တာကြောင့် အဆုံးသတ်သွားခဲ့ရတဲ့Tangmo ရဲ့ အမှုမှာ မတရားတာမျိုး တစ်ခုခုရှိနေခဲ့ရင် Tangmo တစ်ယောက် တမလွန်ဘဝမှာ စိတ်ချ လတ်ချ နေနိုင်ပါ့မလားနော်။ ဒီကနေ့မှာတော့ ထူးခြားစွာနဲ့ Tangmo သုံးခဲ့တဲ့ လူမှုကွန်ရက်စာမျက်နှာက အသက်ဝင်လာခဲ့ပါတယ်။
အသက်ဝင်လာတဲ့ Tangmo ရဲ့ FaceBook စာမျက်နှာမှာ Tangmo မသေဆုံးခင်က လှေပေါ်တတ်နေတဲ့ ဗီဒီယိုတွေရယ် ၊ Tangmo က သူငယ်ချင်းရဲ့ သစ္စာဖောက် ခံလိုက်ရတာပါဆိုတဲ့ အကြောင်းရယ်၊ Tangmo ပြန်လာပြီဆိုတဲ့အကြောင်းတွေရယ် ပါနေပါတယ်။
Update တင်ထားတဲ့ Tangmo ရဲ့ Facebook စာမျက်နှာကပေါ်က အကြောင်းလေးတွေကို တစ်ခုချင်းစီ ဖော်ပြသွားပါမယ်နော်။အဲဒီထဲက အချို့အကြောင်းအရာတွေကတော့ တင်ပြီး မိနစ်ပိုင်း အကြာမှာပဲ ပြန်ဖျက်သွားခဲ့တာကြောင့် screenshot မှတ်တမ်းပဲ သိမ်းနိုင်ခဲ့ပါတယ်။
ဒါလေးက ချစ်ရတဲ့ သူငယ်ချင်းစီက သစ္စာဖောက်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်းလေး ကို တင်ထားတာ ဖြစ်ပါတယ်။
ဒါလေးကတော့ လူ ၅ ယောက် ပါးစပ်ကနေ အမှန်တရားပြောမယ့် အချိန်ကို စောင့်နေကြောင်း အကယ်၍ လူ ၅ယောက်က အမှန်တရား မပြောလည်း ကိစ္စ မရှိကြောင်း၊ အမှန်တရားတွေကိုတစ်ခုချင်းထုတ်ပြသွားမှာဖြစ်ကြောင်း ၊ မိုလ်ဘိုင်း ဒေတာ အချက်အလက် တွေကို ဖျက်လိုက်လည်း ကိစ္စမရှိကြောင်း ၊ ပြန် ယူလို့ ရကြောင်းခြိန်းခြောက်ထားတဲ့ အကြောင်းလေး ဖြစ်ပါတယ်။
နောက် အကြောင်းအရာလေးတစ်ခုကတော့ လှေအနောက်ပိုင်း မှာသေးပေါက်ဖို့မပြော လေနဲ့ .. လှေက လှိုင်းပုတ်ရင်တောင် လှုပ်နေတာ .. လှေပေါ်တတ်ရင် လူနှစ်ယောက်နဲ့ ကိုင်ပြီးတတ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းလေးကိုTangmo လှေပေါ်တတ်နေတဲ့ ဗီဒီယိုလေးနဲ့ ပြထားတာဖြစ်ပါတယ်။ ခဏ ကြာတော့ အဲဒီ ဗီဒီယိုကို ဖျက်သွားခဲ့ပါတယ်။
ဗီဒီယို ကို ဖျက်အပြီးမှာ အဲဒီဗီဒီယို တစ်ခုတည်းကိုပဲ အချိန်အကြာကြီး Live ပြန်လွှင့်နေခဲ့ပါတယ်။
နောက်ဆုံးထူးဆန်းတဲ့ အချက်ကတော့ My day မှာတင်ထားတဲ့ ဓာတ်ပုံလေး ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံလေးမှာရေးထားတဲ့ စာသားလေးက သူမက Mo (Tangmo) ဖြစ်ကြောင်း ၊ Mo က အမှန်တရားကို ပေါ်ပေါက်အောင် လုပ်သွားမှာ ဖြစ်ကြောင်း ၊ အဲဒါအပြင် အခြား ဘာတစ်ခုမှ Mo မလိုကြောင်း ဆိုတာကို ရေးထားတာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံလေးကိုလည်း တင်ပြီး မိနစ်ပိုင်း အကြာမှာပဲ ပြန်ဖျက်သွားခဲ့ပါတယ်။
Tangmo ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတဲ့ အကြောင်းအရာတွေက ကျူးလွန်ထားတဲ့ ကာယကံရှင်တွေမပြောနဲ့ အခြားသူတွေကိုပါ တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာတော့ Tangmo အသက်များ ပြန်ရှင်လာတာလား ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကများ Tangmo အကောင့်ကို ယူပြီး ခြိမ်းခြောက်စာတွေ ရေးနေခဲ့တာလား ၊ အခြားသူတစ်ယောက်ဆိုရင်ရော ဘာလို့ ဒီလို ပုံတွေဗီဒီယိုတွေက တတ်လာတာလဲ .. သေသွားတဲ့သူက Tangmo များ ဟုတ်ရဲ့လားဆိုပြီး ရုပ်ရှင်ဆန်ဆန် ယူဆချက်တွေ အများကြီး ပေးထားကြပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။