မေလ ၂၀ ရက်နေ့က တောင်ကိုရီးယား နာမည်ကျော် YouTuber လေးဖြစ်တဲ့ Kkuming ဟာ သူမရဲ့ ပရိတ်သတ်တွေကို ထိတ်လန့်အံ့ဩဖွယ်ရာ ဖြစ်ရပ်ကြီး တစ်ခု ချပြခဲ့ပါတယ်။ အဲ့ဒါကတော့ အခြားမဟုတ်ပါဘူး။ သူမကင်ဆာ ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရပြီး ထွက်ခွါသွားတော့မယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
Kkuming က တောင်ကိုရီးယား YouTuber တစ်ယောက်ဖြစ်ပြီး ကင်ဆာရောဂါ နောက်ဆုံးအဆင့် ဝေဒနာ ခံစားနေရတဲ့ သူလေးဖြစ်ပါတယ်။ Kkuming လေးက ဆေးရုံမှာ နေ့စဉ် ရင်ဆိုင် တိုက်ပွဲဝင်နေရတဲ့ သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲ တင်ပေးနေကြဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ Kkuming လေးက သူမရဲ့ နောက်ဆုံး ဗီဒီယိုလေးကို ပရိသတ်တွေအတွက် နှုတ်ဆက်တဲ့အနေနဲ့ တင်ပေးလာခဲ့ပါတယ်။ ပရိသတ်တွေကြောင့် သူမ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရသလဲ ဆိုတာကိုလည်းKkuming က ဗီဒီယိုလေးထဲမှာ ထည့်သွင်း ဖော်ပြပေးထားပါတယ်။
နောက်ဆုံး နှုတ်ဆက်တဲ့ ဗီဒီယိုလေးကို Kkuming က သူမ ထွက်ခွါမသွားခင်မှာ ပရိသတ်တွေအတွက် အကောင်းဆုံးလေး တစ်ခုခုချန်ထားခဲ့ ချင်တာကြောင့် တင်ခဲ့တာဖြစ်ကြောင်း ဆိုထားပါ တယ်။ သူမအနေနဲ့ အသက်ရှင်နိုင်ဖို့အချိန်လေးက တစ်ပတ် သို့မဟုတ် အများဆုံး တစ်လ ခန့်သာ ရှိတော့တယ်လို့ Kkuming လေးက ပြောထားပါတယ်။
Kkuming လေး ဗီဒီယိုထဲမှာ နှုတ်ဆက် ခဲ့တဲ့ စကားလေးကို ဘာသာ ပြန်ပေးလိုက်ပါတယ်နော်။
“ပရိသတ်ကြီးရေ .. နောက်ဘဝကျရင် အတူတူ ပြန်တွေ့ကြရအောင် နော်။ ထပ်မံမွေးဖွားလာပြီး ဗီဒီယိုလေးတွေပြန်တင်တဲ့ အချိန်မှာ ကြည့်ရှုသူ ၁ မီလီယံ ကျော်ချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။ နှုတ်ဆက်ပါတယ်နော်။”
Kkuming က ၂၀၂၀ ခုနှစ် အသက် ၂၁ နှစ် အရွယ်မှာကတည်းက သားအိမ် ကင်ဆာ နောက်ဆုံးအဆင့် ရောက်ရှိနေတဲ့ သူဖြစ်ပါတယ်။
အသက်ရှင်ဖို့ ၆ လလောက်ပဲ ကျန်တော့မယ့် Kkuming လေးက သူမရဲ့ ပုံရိပ်လေးတွေကိုဆွေမျိုး သူငယ်ချင်း မိသားစုနဲ့ သူမကို ချစ်ခင်ရတဲ့သူတွေ အမြဲ မြင်တွေ့နိုင်ဖို့ YouTube မှာ Vlog လေးတွေရိုက်ပြီး တင်ပေးနေတာ ဖြစ်ပါ တယ်။ Kkuming ရဲ့ ဖြစ်ရပ်ကတော့ ဖြေမဆည်နိုင်အောင် တော်တော်သနားဖို့ ကောင်းလွန်းလှပါတယ်နော်။
Source- Allkpop
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။