တောင်ကိုရီးယား သရုပ်ဆောင် စုံတွဲလေးဖြစ်တဲ့ Rain နဲ့ Kim Tae Hee တို့ စုံတွဲလေးက သူတို့ ပိုင်ဆိုင်တဲ့ အိမ်ကိုရောင်းချပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ သိန်း ၂၀ ကျော် ရယူဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

Google

မေလ ၂၀ ရက်နေ့မှာ ထွက်ရှိလာခဲ့တဲ့ သတင်းတွေအရ Rain နဲ့ Kim Tae Hee တို့က တောင်ကိုရီးယားနိုင်ငံ Seoul မြို့ ၊ Yangsan ပြည် ၊ Itaewon မှာရှိတဲ့ သူတို့ရဲ့ အိမ်ကို တောင်ကိုရီးယားဝမ် ၈.၅ ဘီလီယံ (အမေရိကန်ဒေါ်လာသိန်း ၆၀ ကျော်) နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အိမ်ကို Rain နဲ့ Kim Tae Hee တို့ စတင် ဝယ်ယူ ခဲ့စဉ်က တောင်ကိုရီးယား ဝမ် ၅.၃ သန်း (အမေရိကန်ဒေါ်လာ သိန်း ၄၀ ကျော်) နဲ့ ဝယ်ယူခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google

Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံက ဟန်မြစ်ကြီးကို မြင်ရတဲ့ Itaewon ကအိမ်မှာ မကြာသေးမီက အထိအတူတူနေခဲ့ကြတာ ဖြစ်ပါတယ်။ Rain တို့ဇနီးမောင်နှံက ရင်းနှီးမြုပ်နှံမှုတွေ အများကြီး လုပ်ထားကြတဲ့ စုံတွဲဖြစ်ပြီး အထူးသဖြင့် သူတို့ ရင်းနှီး မြုပ်နှံမှုတွေကို အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှုတွေမှာ အများကြီး တွေ့ရှိရပါတယ်။ 

Google

နတ်ဖတ်တဲ့ စုံတွဲလေးလို စီးပွါး အရှာတော်တဲ့ Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံလေး က အိမ်ထောင်ကျပြီးမှ စီးပွါးရေးတွေ ပိုပြီးကောင်းလာကြတာ ဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။