တောင်ကိုရီးယား မင်းသား Cha Tae Hyun ဟာဆိုရင် နာမည်ကြီး ၊ ဟာသကားတွေ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ တော်တော် များများမှာ ပါဖူးတဲ့ သူဖြစ်တာကြောင့် မသိတဲ့လူ မရှိသလောက်ကို နာမည်ကြီးတဲ့ သူဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ လက်ထပ်ခဲ့တာရယ် ၊ မျက်နှာက အရမ်းကြီး မချောလွန်းတာရယ်ကြောင့် နှုတ် ခမ်းနီ မလေးတွေ ရဲ့ အသည်း စွဲ မဟုတ်ပေမယ့် သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို လူ တော်တော် များများက ကြိုက်နှစ်သတ်ကြပါတယ်။

Google

Cha Tae Hyun ဟာဆိုရင် လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက အထက်တန်းကျောင်းမှာ တွဲခဲ့တဲ့ သူ့ရဲ့ အချစ်ဦးလေးနဲ့ ပဲ လက်ထက်ခဲ့တာလို့ သိရပါတယ်။ Cha Tae Hyun ရဲ့ အချစ်ဇာတ်လမ်းက ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်ရသလိုမျိုး Romantic ဆန်လွန်းလှပါတယ်။

Google

Cha Tae Hyun က သူ့အမျိုးသမီးနဲ့ အထက်တန်းကျောင်း ဒုတိယ နှစ်မှာ စပြီးတွဲခဲ့တာဖြစ်ပါတယ်။ အထက်တန်းကျောင်းမှာ နာမည်ကြီးတဲ့ စုံတွဲလေး ဖြစ်ခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက Cha Tae Hyun က အောင်မြင်မှု မရသေးပါဘူး။ သူတို့ နှစ်ဦးက လက်မထပ်ခင် ၁၃ နှစ်တိတိ တွဲခဲ့ကြတာဖြစ်ပါတယ်။

Google

Cha Tae Hyun ဟာဆိုရင် သူ့ရဲ့ အမျိုးသမီးလေးကို အရမ်းချစ်လွန်းတာကြောင့် အမျိုးသမီးဖြစ်သူက လမ်းခွဲမယ်လို့ ပြောခဲ့စဉ်က ရုပ်ရှင်ရိုက်နေရင်း ရိုက်ကွင်းကနေ ပြေးထွက်သွားပြီး ဂျယ်ဂျူကျွန်း အထိ သွားချော့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူက bed scene တွေ ရိုက်တာ မကြိုက်တာကြောင့် အနုပညာ လမ်းကြောင်းထက်ဆီကို ရောက်လာတဲ့ ၂၈ နှစ်လုံးလုံး တစ်ခါမှ bed scene တွေ မရိုက်ခဲ့ဖူးဘူးလို့ Cha Tae Hyun က ဆိုထားပါသေးတယ်။ ချစ်သူသက်တမ်း ရှည်ကြာပြီး အချင်းချင်း အရမ်းချစ်ခဲ့ကြတဲ့ Cha Tae Hyun တို့ဇနီးမောင်နှံက လက်ရှိမှာ သားသားမီးမီးလေး ၃ ယောက်နဲ့ ပျော်ရွှင်စရာ မိသားစုလေးကို ရရှိပိုင်ဆိုင် ထားပြီပဲဖြစ်ပါတယ်။

Google

အထက်တန်းကျောင်းတုန်းက အချစ်ဦးလေးကိုပဲ သစ္စာရှိရှိ လက်ထပ်ခဲ့ပြီး အချစ်ဦးလေး တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်ခဲ့တဲ့ တောင်ကိုရီးယား မင်းသားကြီး Cha Tae Hyun ကတော့ ကိုရီးယား နိုင်ငံမှာ စံပြ ချစ်တတ်သူကြီးအဖြစ် နာမည်ကောင်းနဲ့ ကျော်ကြားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Google

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။