တောင်ကိုရီးယား မင်းသမီး Park Joo Mi ဟာဆိုရင် Marriage and Divorce 3 ဇာတ်လမ်းနဲ့ ပရိသတ်တွေ အများကြီး သိရှိလာခဲ့တဲ့ သူဖြစ်ပါတယ်။ Park Joo-mi က ၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ စတင်ကာ အနုပညာလမ်းကြောင်းထက်ဆီကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

Google

အသက် ၅၁ နှစ်အရွယ်ရှိနေပေမယ့် Park Joo-mi က မထင်ထားလောက်အောင်ကို ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းလွန်းလှပါတယ်။ သူမမှာ သား နှစ်ယောက်ရှိပြီး သားကြီး ကအသက် ၂၀ နှစ် ရှိနေပြီပဲဖြစ်ပါတယ်။ သူမရဲ့ သားငယ်ကတော့ အသက် ၁၅ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ သားဖြစ်သူနှစ်ယောက်က အသက် အရွယ်ကြီးနေပြီဖြစ်ပေမယ့် မင်းသမီး Park Joo-mi ကတော့ ငယ်ရွယ်နုပျိုနေတုန်းပဲ ဖြစ်ပါတယ်။

Google

လက်ရှိမှာ ဆိုရင် သူမရဲ့ သားကြီးဖြစ်သူက တောင်ကိုရီးယားနိုင်ငံ ဥပဒေ အရ စစ်မှုထမ်းဆောင်ရတော့မယ်လို့ သိရပါတယ်။ ကလေးတွေ အရွယ်ရောက်နေပေမယ့်လည်း အသက် ၃၀ အရွယ် အမျိုးသမီးလေးလိုမျိုး နုပျိုနေတဲ့ Park Joo-mi က သူမရဲ့ အလှအပ လျို့ဝှက်ချက်တွေကို အခုလိုလေး ပြောလာခဲ့ပါတယ်။

Google

Park Joo-mi က ည အိပ်ရာဝင်ခါနီးမှာ သူမရဲ့ မျက်လုံးနားဝန်းကျင်ကို eye cream လိမ်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူမက နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းတွေ လုပ်တယ်လို့ လည်း သိရပါတယ်။ အသားအရည်လေး စိုစိုပြေပြေ တင်းတင်းရင်းရင်းလေး ဖြစ်စေဖို့ အတွက်ကိုတော့ သူမက တစ်နေ့ကို ရေ ၂ လီတာ သောက်တယ်လို့ သိရပါတယ်။

Google
Google

Park Joo-mi ဟာဆိုရင် “Love (ft. Marriage and Divorce) 3” ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပြီး နုဖတ်နေတဲ့ သူမရဲ့ မျက်နှာကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။