သရုပ်ဆောင် မော်ဒယ် ဘေဘီမောင်ဟာ ဆိုရင်  ချစ်ကြည်နူးဖို့ကောင်းတဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ ဘေဘီမောင်က သူမရဲ့ ချစ်သူ သားဂန်းနဲ့ လက်ထက်ထားပြီး လက်ရှိမှာ သမီးလေး တစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က သမီးလေးကို ကိုယ်ဝန်လွယ်ထားပြီးမှ အရင်ကထက်ပို လှ ပိုချောပြီး ပို ကျက်သရေ ရှိနေတာပဲ ဖြစ်ပါတယ်။ 

ဘေဘီမောင်’s Facebook 
ဘေဘီမောင်’s Facebook 
ဘေဘီမောင်’s Facebook 

ဘေဘီမောင်ရဲ့ သမီးလေးက မကြာခင်အချိန််မှာ လူ့လောကကို ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။ ၈ လပိုင်းဆိုရင် မွေးဖွားတော့မယ့် သမီးလေးရဲ့ အကြောင်းကို ဘေဘီမောင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းသာအားရနဲ့ အခုလိုလေး ပြောလာခဲ့ပါတယ်။ 

“ကျမတိ​ု့မိသားစုရဲ့အဖိုးမဖြတ်နိုင်တဲ့သမီးရတနာလေး၈လပိုင်းဆိုရောက်လာတော့မယ်❤️

ဖေဖေဂန်းကြီးအရမ်းပျော် မေကြီးကလည်းပီတိဖြစ်?

ဒီမေမေဘေဘီကတော့ ပျော်ရွှင်ကြည်နူးမဆုံး?

အစစအရာရာအဆင်ပြေအောင်ဖန်တီးပေးတဲ့လောကကြီးကိုကျေးဇူးတင်လိုက်တာ???????

အေးချမ်းတဲ့မိသားစုလေးဖန်တီးပေးတဲ့လောကကြီးရေ?”

ဘေဘီမောင်’s Facebook 
ဘေဘီမောင်’s Facebook 

အချိန်တွေကအရမ်း အကုန်မြန်ပါတယ်နော်။ ဖေဖေသားဂန်းနဲ့ မေမေဘေဘီမောင်တို့ လက်ထပ်ထားတာတောင်မနေ့တနေ့က လို့ထင်ရပါတယ်။ မီးမီးလေးက မွေးပါတော့မယ်နော်။ ၈ လပိုင်းမှာ ရောက်လာတော့မယ့် အဖိုးတန်ချစ်စရာ သမီးလေးအတွက် ဖေဖေမေမေတို့ ကိုယ်စား အရမ်းကို ဝမ်းသာ မျှော်လင့်နေမိပါပြီနော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။