တောင်ကိုရီးယား သရုပ်ဆောင် Son Ye Jin နဲ့ Hyun Bin တို့ လက်ထက်ထားကြတာကို အားလုံးပဲ သိကြမှာပါနော်။လက်ထပ်ပြီးနောက်မှာတော့ ပထမဦးဆုံးအနေနဲ့ Son Ye Jin က ပုံလေးတွေ တင်ပေးလာခဲ့ပါတယ်။ 

သူမက ဓာတ်ပုံလေး နှစ်ပုံကို “Last night. Time accumulates and memories accumulate. Good day, good moment.“ ဆိုတဲ့ စာသားလေးနဲ့ တင်ပေးလာတာ ဖြစ်ပါတယ်။ 

Instagram

ဓာတ်ပုံထဲမှာဆိုရင် Son Ye Jin က မီးပုံ အရှေ့မှာ သူငယ်ချင်းတွေနဲ့ စုပြီး အဖိုးတန်တဲ့ အချိန်လေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဓာတ်ပုံလေးတစ်ပုံထဲမှာ Son Ye Jin နဲ့ အတူ သူ့ရဲ့ သူငယ်ချင်းတွေကို တွေ့ရပါတယ်။ နောက်တစ်ပုံထဲမှာတော့ မီးပုံလေးပုံထားတာကိုပဲ တွေ့ရပါတယ်။ မမ Son Ye Jin က အင်္ကျီ အဖြူနဲ့ တစ်ယောက်ကို မေးလေးထောက်ပြီး ကြည့်နေတာလေးက တကယ်ကို ချစ်ဖို့ကောင်းလွန်းလှပါတယ်နော်။ ဒါကြောင့် အင်္ကျီအဖြူ နဲ့ကျောခိုင်းထားတဲ့ တစ်ယောက်က Son Ye Jin ရဲ့ ချစ်ခင်ပွန်းလေး Hyun Bin ဖြစ်နိုင်တယ်လို့ ခန့်မှန်းထား ကြပါတယ်။  

Instagram
Google

Son Ye Jin နဲ့  Hyun Bin တို့ စုံတွဲလေးဟာ မတ် ၃၁ ရက်နေ့မှာ လက်ထပ်ခဲ့တာ ဖြစ်ပြီး လော့စ်အိမ်ဂျလိစ် မှာ ဟန်းနီးမွန်း ထွက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ Hyun Bin က Bargaining နဲ့  Confidential Assignment 2: International ဇာတ်လမ်းတွဲနှစ်ခုကို ရိုက်နေတာဖြစ်ပါတယ်။ မီးပုံလေး အရှေ့မှာ ပျော်ပျော်ပါးပါး စကားလေးတွေဝိုင်းဖွဲ့ပြီး ပြောဆိုနေတဲ့ Son Ye Jin ရဲ့ ပထမဦးဆုံး ပုံလေးကို ဝေမျှပေးလိုက်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။