မြန်မာ အနုပညာရှင်တွေထဲမှာ မမသင်ဇာဝင့်ကျော်ဟာဆိုရင်လည်း ကောက်ကြောင်းလှလှနဲ့ မိမိမိုက်မိုက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ မမ သင်ဇာဝင့်ကျော်က မကြာသေးမီကမှ သူမရဲ့ ချစ်သူကောင်လေးကို လူသိရှင်ကြား ထုတ်ဖော်ထားတာဖြစ်ပါတယ်။ ပုံလန်းလန်းလေးတွေကို မကြာခဏဆိုသလို တင်ပေး လေ့ရှိတဲ့ မမသင်ဇာဝင့်ကျော်က အခုနောက်ပိုင်းမှာ ချစ်သူကောင်လေးနဲ့ အတူတွဲရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ 

Thin Zar Wint Kyaw’s Facebook 

ချစ်သူနှစ်ဦး အရမ်းချစ်နေကြရင် အနှောက်ဝင်သလိုပဲ မမ သင်ဇာတို့ စုံတွဲလေးကြားကိုလည်း အနှောက်တစ်ယောက် ရောက်နေတယ်လို့ သိရပါတယ်။

Thin Zar Wint Kyaw’s Facebook 

အနှောက်ကတော့ အခြား မဟုတ်ပါဘူး။ ဇူဇူပဲ ဖြစ်ပါတယ်။ Facebook ceo ကြီး ဇူကာဘက်က မမသင်ဇာဝင်ဇာဝင့်ကျော်တင်တဲ့ ပုံလန်းလန်းလေးတွေကို တင်တိုင်းဖြတ်ချနေတယ်လို့သိရပါတယ်။ တစ်ယောက်တည်းပုံတင်တာကို ဘန်းတာကြောင့် နှစ်ယောက်တွဲပုံ တင်ပြန်တော့လည်း ဘန်းတယ်လို့ သိရပါတယ်။ ဒါကြောင့် မမသင်ဇာရဲ့ ကောင်လေးက အဘန်းကြမ်း အနှောက်ကြမ်းတဲ့ ဇူဇူကို အခုလိုမျိုး ဒဲ့ပြောလိုက်တာ ဖြစ်ပါတယ်။ 

Ye Yint Moe’s Facebook

“ချစ်သူလေး တယောက်ထဲတင်တဲ့ ပုံတွေကို အခုရက်ပိုင်း ဇူဇူ က တော်တော်ဘန်းနေတယ် 

အခုဆို ကိုယ်နဲ့ နှစ်ယောက် ရိုက်ထားတဲ့ ပုံပါ ဘန်းသွားပြီ 

ဧကန္တ ဇူဇူက ငါ့များကြည့်မရဖြစ်နေတာလား

ချစ်သူလေးကိုပဲ ဂျေကိုက်နေတာလား 

ဒီ post ကိုပါထပ်ဘန်းရင်တော့ဇူဇူများသွားပြီ?”

Thin Zar Wint Kyaw’s Facebook 
Thin Zar Wint Kyaw’s Facebook 

မမ သင်ဇာတို့ စုံတွဲကို ဇူဇူက အမြဲစောင့်ကြည့်ပြီး ဘန်းနေတာ ဘာလို့ များပါလိမ့်နော်။ မမသင်ဇာ ကောင်လေးပြောသလို ဂျေဝင်နေလို့လား မသိဘူးနော်။ ဝိုင်းပြီး အဖြေရှာပေးလိုက်ကြပါဦး ပရိသတ်ကြီး။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။