မြန်မာသံစဉ်လို့ ပြောလိုက်တာနဲ့ မြန်မာသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ မြန်မာသံစဉ် အဆိုတော်ကြီး အန်တီ ခင်ညွှန့်ရီကို အားလုံးပဲ သိကြမှာပါနော်။ မြန်မာ သံစဉ် အဆိုတော်ကြီး အန်တီ ခင်ညွှန့်ရီ က ဆောင်အမှီ သီချင် အပါအဝင် အခြား နာမည်ကျော် သီချင်းတွေ အများကြီးကို သီဆိုခဲ့တဲ့ သူဖြစ်ပါတယ်။

Photo credit to original uploader 

လက်ရှိမှာဆိုရင် မြန်မာ သံစဉ် အဆိုတော်ကြီး အန်တီ ခင်ညွှန့်ရီတစ်ယောက် သည်းခြေအိတ်ကျောက်တည်တဲ့ ဝေဒနာ ခံစားနေရပြီး ခွဲစိတ် ကုသမှု ခံယူနေရတယ်လို့ သမီး ဖြစ်သူရဲ့ အဆိုအရ သိရှိရပါတယ်။ အန်တီခင်ညွန့်ရီဟာ သည်းခြေ ကျောက်တည်နေတာကြောင့် လတ်တလောမှာ  နန်းတော်ဆေးရုံ (မန္တလေး) မှာ ခွဲစိတ်ကုသမှု ခံယူထားရတယ်လို့ ဆိုထားပါတယ်။  လက်ရှိမှာတော့ မိခင်ဖြစ်သူ အဆင်ပြေကြောင်း   အန်တီခင်ညွှန့်ရီရဲ့ သမီး ဖြစ်သူမှ ပရိသတ်တွေကို အသိပေးထားပါတယ်။

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

မြန်မာသံစဉ်လေးတွေကို စိတ်ပျော်အောင် ထိထိမိမိသီဆိုနိုင်တဲ့ မြန်မာ သံစဉ် အဆိုတော်ကြီး အန်တီ ခင်ညွှန့်ရီတစ်ယောက် အမြန်ဆုံး နေကောင်းကျန်းမာ လာစေဖို့ ဆုတောင်းပေးရင် အန်တီ ခင်ညွှန့်ရီ သီဆိုခဲ့တဲ့ သီချင်းလေး တွေထဲက အချို့ ကို ဝေမျှ ပေးလိုက်ပါတယ်နော် ။

Youtube
Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။