ပရဟိတ မင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ် အရပ်ရပ်က မိဘအုပ်ထိန်းသူ ဘက်က ဆက်လက်မွေးမြူစောင့်ရှောက်ဖို့ ခက်ခဲနေတဲ့ သားသားမီးမီးလေးတွေကို ပြုစု စောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။ သားသားမီးမီးလေးတွေကို ရင်နှင့်သားကဲ့သို့စောင့်ရှောက်ပေးနေတဲ့ မေမေ ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ဟာလည်း တကယ်ကိုချီးကျူး အံ့ဩဖို့ကောင်းလှပါတယ်နော်။ 

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

မေမေခိုင်နှင်းဝေက သူမချစ်ရတဲ့ သားသားမီးမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတင်ပေးလေ့ရှိ တာကို အားလုံးပဲ သိပြီးလောက်မှာပါနော်။ အခုတစ်ခေါက်မှာလည်း မေမေခိုင်နှင်းဝေက မီးမီးလေး ခိုင်ဟေသာမေကို ခေါင်းအစ ခြေအဆုံး မွှေးမွှေး ကြိုင်ကြိုင် ပေါင်ဒါလေးတွေ လူးပေးပြီး သန့်သန့်ရှင်းရှင်းလုပ်ပေးနေတဲ့ ဗီဒီယိုလေးတွေကို ဝေမျှပေးလာခဲ့ပါတယ်။ 

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

ဗီဒီယိုလေးထဲမှာ မေမေခိုင်နှင်းဝေက မီးမီးလေး ခိုင်ဟေသာမေလေးကို မြူရင်း ချော့ရင်း အင်္ကျီလေးတွေ ဝတ်၊ ဒိုင်ဘာလေးတွေ လဲပြီး မွှေးမွှေး ကြိုင်ကြိုင်လေးတွေ လိမ်းပေးနေတာကို ချစ်စဖွယ်လေး တွေ့ရမှာပါနော်။ 

Khine Hnin Wai’s Facebook 

အရမ်းကိုချစ်ဖို့ကောင်းတဲ့ မေမေခိုင်နှင်းဝေနဲ့ သူမရဲ့ မီးမီးလေး ခိုင်ဟေသာမေ ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်စဖွယ် ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။