တစ်ခေတ်တစ်ခါက MP3 သီချင်းတွေ တော်တော်များများမှာ ပါလေ့ ပါထရှိတဲ့ Rapper အဆိုတော်ကြီး ကို ညီမြတ်သူတစ်ယောက် ယမန်နေ့ မေလ ၁၇ ရက်နေ့ က ကွယ်လွန်သွားခဲ့ရတယ်လို့ သိရပါတယ်။ ကို ညီမြတ်သူက နိုင်ငံကျော်သီချင်းဖြစ်တဲ့ မောင်းလပြည့်ဝန်းကို ရေးစပ်ခဲ့တဲ့ ကိုနေဝင်းရဲ့ သားလတ် ဖြစ်ပါတယ်။

Photo credit to original uploader
Photo credit to original uploader

Rapper အဆိုတော် ကိုညီမြတ်သူ က မော်လမြိုင်မြို့ ၊ မဟာမြိုင်ကျောင်း အနီးမှာ ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရင်း ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေခဲ့တာဖြစ်ပါတယ်။

Photo credit to original uploader

ကို ညီမြတ်သူဟာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ Rapper အဆိုတော်ကြီး ကိုညီမြတ်သူရဲ့ သီချင်းလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်နော်။

credit to original uploader
credit to original uploader

ကို ညီမြတ်သူက သီချင်းတွေမှာ Rap အနေနဲ့သာ ပါဝင် သီဆိုလေ့ရှိတာကြောင့် သူ့ကို သိချင်မှ သိကြပါလိမ့်မယ်။ ကြွေလွင့်သွားခဲ့ရတဲ့ Rapper ကြယ် ပွင့်ကြီး ကိုညီမြတ်သူ အကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။