Marshmello လို့ပြောလိုက်တာနဲ့ မျက်နှာဖုံး အဖြူရောင်လေး စွပ်ထားတဲ့ သူကို အရင်ဆုံး ပြေးမြင်ကြမှာပါနော်။ Marshmello ဟာဆိုရင် မျက်နှာ ဖုံးကွယ်ထားပေမယ့် ဂီတနယ်ပယ်မှာ အအောင်မြင်ဆုံး ဖြစ်နေတဲ့ သူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူက သူ့ရဲ့ မျက်နှာကို ဖုံးကွယ်ထားပေမယ့်လည်း သူ့ရဲ့ အောင်မြင်မှု တွေကတော့ အတိုင်း အဆမဲ့ပါပဲနော်။

Google
Google

Marshmello အောင်မြင်လာတာ သူ့ရဲ့ အရည်အချင်းကြောင့်ဆိုပေမယ့် လည်း မျက်နှာဖုံးကွယ်ထားတာလည်း တစ်စိတ်တစ်ဒေသ အဖြစ် ပါဝင်နေပါသေးတယ်။ Marshmello ရဲ့ အပြင်ပုံစံကို မြင်ချင်ကြတဲ့ သူတွေလည်း အများကြီးပဲဖြစ်ပါတယ်။ Marshmello က သူ့ရဲ့ ပုံစံကို တော်ရုံတန်ရုံ ဖော်ပြလေ့ရှိတဲ့သူမဟုတ်ပါဘူး။ ဒါကြောင့် Marshmello ရဲ့အပြင်ပုံစံက ဘယ်လို မျိုးလဲဆိုပြီး မေးခွန်းထုတ်ထားတဲ့ သူတွေလည်း တစ်ပုံကြီးပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ Marshmello ရဲ့ အပြင်ပုံစံဆိုပြီး ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပါတယ်။

Chriscomstock's instagram
Chriscomstock's instagram
Chriscomstock's instagram
Chriscomstock's instagram

Marshmello ရဲ့ နာမည်အရင်းက Chriscomstock လို့သိရပြီး အခု Marshmello လို့ သတ်မှတ်ခြင်းခံထားရတဲ့သူနာမည်ကလည်း Chriscomstock ပဲဖြစ်ပါတယ်။

Chriscomstock's instagram

Marshmello က မျက်နှာဖုံးစွပ်နဲ့ ကြည့်ကောင်းသလို မျက်နှာဖုံးစွပ် မပါတဲ့ အပြင်မျက်နှာပုံစံဟာလည်း တကယ့်ကို ချောမောခန့်ညားလွန်းလှပါတယ်။  Marshmello ရဲ့ အပြင်ပုံစံလေးကို မြင်ချင်နေတဲ့ သူတွေအတွက် အပြင်ဓာတ်ပုံလေးတွေ အများကြီး ဖော်ပြပေးလိုက်ပါတယ်နော်။

Chriscomstock's instagram
Chriscomstock's instagram
Chriscomstock's instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။