မူဆယ်မြို့အတွင်းရှိနေအိမ်တစ်အိမ်ကို ဓားပြတိုက်လာသည့် ဓားပြများ စီးလာသည့်ကား ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဓားပြများက မူဆယ်မြို့ ပင်လုံရပ်ကွက်သစ်မှာ ရှိတဲ့ တရုတ်မိသားစုနေထိုင်တဲ့နေအိမ်တစ်အိမ်ကို ၂၀၂၂ ခုနှစ် မေလ (၁၅) ရက်နေ့ ည (၇) နာရီ ဝန်းကျင်ခန့်က ဓားပြတိုက်ခဲ့တယ်လို့ သိရပါတယ်။ ဓားပြတိုက်ယူခဲ့ပုံ ဖြစ်စဉ်ကို စီစီတီဗီများမှ တစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

Hsan Loi Voice 
Hsan Loi Voice 

ဓားပြက စုစုပေါင်း နှစ်ယောက်ဖြစ်ပြီး သေနတ်များ ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဓားပြများမှနေအိမ်အတွင်းရှိ ရွှေငွေ များနှင့် အဖိုးတန်ရတနာများကို တိုက်ယူသွားပြီးနောက် လမ်းပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့သည့် ဗီဒီယိုကိုလည်း စီစီတီဗီမှ တစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

Hsan Loi Voice 
Hsan Loi Voice 

ယာဉ်တိုက်မှု ဖြစ်ပွါးပြီးနောက်မှာ ဓားပြတိုက်ရာမှ ပါလာတဲ့ ရွှေ ငွေ ပစ္စည်းတွေကို မယူသွားဘဲ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။ ရွှေငွေများကိုတော့ ပိုင်ရှင် ထံ ပေးအပ်ပြီးပြီလို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။