အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အမိုက်စား အသံပါဝါနဲ့အတူ တေးသီချင်းကောင်းများစွာကို သီဆိုထားပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ ဖြူဖြူရဲ့ထွက်ရှိသမျှ သီချင်းတိုင်းဟာဆိုရင် ဂီတလောကမှာ အောင်မြင်လျက်ပြီး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေသည်ထိကို အောင်မြင်မှုတွေရရှိထားသူလည်း ဖြစ်ပါတယ်။ သူမကတော့ ဒီဇိုင်းဆန်းဆန်း လေးတွေနဲ့ ဖော်ရွေဆက်ဆံမှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူပဲဖြစ်ပါတယ်။

ဒီနေ့ မေလ (၁၆) ရက်နေ့ကတော့ ပိုပို ရဲ့ (၃၂) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ပိုပိုကို အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ နဲ့ နေကောင်းကျန်းမာစွာရှိနေစေဖို့ မွေးနေ့ဆုမွန်ကောင်းတွေ အသီးသီးတောင်းပေးနေခဲ့ကြပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အထဲမှာ ဖြူဖြူကျော်သိန်းလည်း အပါအဝင်ပဲဖြစ်ပါတယ်။

ဖြူဖြူကတော့ "Blessed Birthday, ပိုပို။

သီချင်းတွေပြန်ဆိုဖို၊ သီချင်းသစ်တွေထုတ်ဖို၊ ပွဲတွေဆိုဖို၊ ပွဲတွေတက်ဖို၊ ကြော်ငြာတွေရိုက်ဖို၊ ဓာတ်ပုံတွေရိုက်ဖို လာပြောကြတိုင်း သူ့မျက်နှာလေးပဲ ပြေးမြင်တယ်။

ကိုယ်တောင် အပြင်မှာ ၆ လကျော် ၅၀၅ ဝရမ်းပြေးဘဝနဲ့ရှောင်ရပုန်းရတာဒီလောက်ခက်ခဲခဲ့ဖူးတာ... သူ့ခမျာ အထဲမှာ ၁ နှစ်ကျော်ကြာ မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်ခက်ခဲလိုက်မလဲ?

တစ်ရက်မပြတ် သတိရဆုတောင်းပေးတယ်။

ကျန်းကျန်းမာမာနဲ့အမြန်ဆုံးလွတ်မြောက်ပါစေ

ညီမလေးရေ။ " ဆိုပြီး ဆုမွန်ကောင်းလေး တောင်းပေးထားတာပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။